CIA သမိုင်းတွင် ဒေတာပေါက်ကြားမှု အများဆုံးပြုလုပ်ခဲ့သည့် CIA ဝန်ထမ်းဟောင်း ထောင်ဒဏ်အနှစ် ၄၀ ချမှတ်ခံရ

0
211

CIA ဝန်ထမ်းဟောင်းတစ်ဦးသည် အေဂျင်စီ၏သမိုင်းတွင် အများဆုံးသော ဒေတာပေါက်ကြားမှုပြုလုပ်ခဲ့သဖြင့် သူ့အား ထောင်ဒဏ် စုစုပေါင်း အနှစ် ၄၀ အပြစ်ဒဏ် ချမှတ်လိုက်ကြောင်း နယူးယောက်မြို့တောင်ပိုင်းခရိုင်ရှိ အမေရိကန်တရားရုံးက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။

CIA ဝန်ထမ်းဟောင်း Joshua Schulte သည် ၂၀၁၆ ခုနှစ်တွင် WikiLeaks ထံ အမျိုးအစားခွဲခြားထားသော ဒေတာများကို လွှဲပြောင်းပေးခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီး နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို တရားမဝင် စုဆောင်းခြင်း၊ ပေးပို့ခြင်း၊ ရာဇ၀တ်မှုမြောက်သေ စုံစမ်းစစ်ဆေးခြင်း အစရှိသည့်အမှုများဖြင့် ၂၀၂၂ ခုနှစ်ကတည်းကပင်လျှင် ပြစ်ဒဏ်များချမှတ်ခြင်းခံခဲ့ရသည်။ ကလေးညစ်ညမ်းရုပ်ပုံစာပေကို လက်ခံခြင်း၊ လက်ဝယ်ရယူခြင်းနှင့် သယ်ယူခြင်းတို့အတွက် ၂၀၂၃ ခုနှစ်တွင်လည်း ပြစ်ဒဏ်များ ချမှတ်ခြင်းခံခဲ့ရသေးသည်။

သူသည် CIA ၏ Cyber ထောက်လှမ်းရေးစင်တာတွင် ကွန်ပျူတာအင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့ပြီး ကွန်ပျူတာများမှ လျှို့ဝှက်သည့် အချက်အလက်များကို ရယူနိုင်သည့် ဆိုက်ဘာကိရိယာများနှင့် အက်ပ်များကို ဖန်တီးခဲ့သည်။

“Joshua Schulte သည် အမေရိကန်သမိုင်းတွင် အပြောင်မြောက်ဆုံးနှင့် ရက်စက်ကြမ်းကြုတ်သော သူလျှိုမှုအချို့ကို ကျူးလွန်ခြင်းဖြင့် သူ့နိုင်ငံကို သစ္စာဖောက်ခဲ့သည်” ဟု အမေရိကန်ရှေ့နေချုပ် Damian Williams က တရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ” CIA တွင် အလုပ်လုပ်နေစဉ် သူသည် ကျွန်ုပ်တို့၏အမျိုးသားလုံခြုံရေးကို အကြိမ်ပေါင်း မရေတွက်နိုင်အောင်ပျက်စီးစေခဲ့သည်။”

“တစ်ချိန်တည်းမှာပင် Schulte သည် သူ၏ ကိုယ်ပိုင်စိတ်ကျေနပ်မှုအတွက် ကလေးငယ်တွေရဲ့ ထောင်နဲ့ချီတဲ့ ဗီဒီယိုများနှင့် ရုပ်ပုံများကို စုဆောင်းခဲ့သည်”ဟုလည်း တရားရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here