ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကားနှင့်ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါ အမျိုးသားတစ်ဦး အသက်ဆုံးရှုံး

0
210

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၆၆/၇ -၆၇/ဝ) ကြားတွင် ဇန်နဝါရီ (၁)ရက်၊ ည (၉)နာရီအချိန်က ယာဉ်မတော်တဆ ဖြစ်ပွားကြောင်း သတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်း မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊  (၁+၅)ဦး၊ အုတ်ရှစ်ကုန်း အမြန်လမ်းရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ သွားရောက်ကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် Super Curstom (ခဲရောင်) ယာဉ်မှာ ရှေ့မှ မောင်းနှင်နေသော Wave-100 (နက်/ပြာရောင်)ဆိုင်ကယ်အား ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား (၄)ဦး၊ အမျိုးသမီး(၈)ဦး ကလေး (၄) ဦး စုစုပေါင်း(၁၆)ဦးတို့မှာ ထိခိုက်ဒဏ်ရာ မရရှိသော် လည်း၊ ဆိုင်ကယ်ပေါ်ပါ အမျိုးသား (၂)ဦး အနက် (၁)ဦးမှာ အခင်းဖြစ်နေရာတွင် အသက်ဆုံးရှုံးခဲ့ရပြီး ကျန်အမျိုးသား (၁)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ရှေ့မှ မောင်းနှင်နေသည့်မော်တော်ဆိုင် ကယ်မှ ဖြတ်ချိုးကွေ့ခဲ့သည့်အတွက် နောက်မှ မောင်းနှင်လာသည့် Super Curstom (ခဲရောင်)ယာဉ်မှာ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here