ကလေးနှစ်ဦးအား ၁၅ ထပ်တိုက်ပေါ်မှပစ်ချခဲ့သည့် မိထွေးနှင့်ဖခင် တို့အားကွပ်မျက်

0
387

ပေကျင်း၊ဖေဖော်ဝါရီ ၂

တရုတ်နိုင်ငံ၌ အသက်တစ်နှစ်အရွယ်ကလေးငယ်နှင့် နှစ်နှစ်အရွယ်ကလေးငယ်တို့အား ၁၅ ထပ်တိုက်ပေါ်မှပစ်ချခဲ့သည့် ဖခင်နှင့်မိထွေးဖြစ်သူတို့အား ပြစ်မှုကျူးလွန်ပြီးနှစ်နှစ်အကြာတွင် သေဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးက စီရင်ချက်ချခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံမှ Zhang Bo နှင့် ၎င်း၏နောက်ရည်းစားဖြစ်သူ Ye Chengchen တို့သည် ၎င်းတို့နှစ်ဦးလက်ထပ်ပြီးပါက မိသားစုဘဝအသစ်တစ်ခုအား အေးအေးဆေးဆေးထူထောင်လိုသဖြင့် ယခင်အိမ်ထောင်နှင့်ရသည့် ကလေးငယ်နှစ်ဦးအား ယခုကဲ့သို့ တိုက်ပေါ်မှ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

Zhang သည် ၎င်းကိုယ်တိုင် ၎င်း၏သားနှင့်သမီးအား ၁၅ ထပ်အမြင့်ရှိအခန်းပြတင်းပေါက်မှ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး Ye သည် ကလေးငယ်နှစ်ဦးအား ၎င်းတို့နှစ်ဦး၏အချစ်ရေး၌ အနှောင့်အယှက်ဟုယူဆသဖြင့် သတ်ပစ်ရန်တိုက်တွန်းခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် ၎င်းတို့နှစ်ဦးအား သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ၄င်းတို့အားဆေးထိုးပြီးကွပ်မျက်ခဲ့သည်ဟုလည်းသိရသည်။

နူးယော့ခ်ပို့စ်ထ်၏ဖော်ပြချက်၌မူ Zheng သည် Ye နှင့်မတွဲခင်က အိမ်ထောင်ရှိကြောင်း နှင့် ကလေးလည်း ရှိကြောင်းမပြောပြထားဟုဖော်ပြထားသည်။ Zheng သည် ၂၀၂၀ ပြည့်နှစ်တွင် ဇနီးဟောင်းနှင့်ကွာရှင်းခဲ့ပြီးနောက် Ye က ကလေးနှစ်ဦးအားသတ်ပစ်ရန်တိုက်တွန်းခဲ့ခြင်းလည်းဖြစ်သည်။

၎င်းတို့နှစ်ဦးကျူးလွန်သည့်ပြစ်မှုသည် တရုတ်နိုင်ငံ၌ ဟိုးလေးတကျော်ဖြစ်သွားခဲ့ပြီး ပြစ်မှုစစ်ဆေးချိန် နှစ်နှစ်ကြာမြင့်ပြီးမှ ယခုကဲ့သို့ သေဒဏ်စီရင်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကာ ၎င်းတို့အား ကွပ်မျက်သည့်ဗီဒီယိုသည် လူမှုကွန်ယက်၌ ကြည့်ရှုသူ သန်း ၂၀၀ ကျော်အထိမြင့်တက်သွားခဲ့သည်ဟုလည်းဖော်ပြထားသည်။

Source : အင်န်ဒီတီဗွီ


LEAVE A REPLY

Please enter your comment!
Please enter your name here