ကင်မ်ဂျုံအန်း စစ်သင်္ဘော​ဆောက်သည့်သင်္ဘောကျင်းသို့သွားရောက်စစ်ဆေး

0
192

ပြုံယမ်း၊ဖေဖော်ဝါရီ ၂

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်းသည် စစ်သင်္ဘောများတည် ​ဆောက်သည့် သင်္ဘောကျင်းသို့သွားရောက်စစ်ဆေးခဲ့ပြီး စစ်ပြင်ဆင်မှုကာလအတွင်း ရေတပ် ၏အားကောင်းမှုသည်လည်းအရေးပါကြောင်းပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာ KCNA ကဖော်ပြခဲ့သည်။

KCNA ၌ဖော်ပြခဲ့သည့် ဓါတ်ပုံများ၌မူ သင်္ဘောကျင်းတစ်လျှောက် ၎င်း၏အရာရှိများနှင့် လှည့်လည်စစ်ဆေးနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်အားတွေ့မြင်ရသည်။

“စစ်ပြင်ဆင်နေတဲ့ကာလမှာ ရေတပ်အင်အားကိုမြှင့်တင်ထားခြင်းဟာလည်း အရေးအကြီးဆုံးကိစ္စတစ်ခုပါပဲ” ဟုလည်း ကင်မ်ကပြောကြားခဲ့သည်ဟု KCNA ကဖော်ပြခဲ့သည်။

ဆက်လက်၍ ကင်မ်သည် မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းက ဆုံးဖြတ်ခဲ့သော ကြီးမားသည့်အစီအစဉ်တစ်ရပ်နှင့်ပတ်သက် ၍လည်း အကျဉ်းချုံးပြောကြားခဲ့ပြီး အသေးစိတ်ကိုမူ ရှင်းလင်းပြောကြားခြင်းမရှိခဲ့ကြောင်းလည်း KCNA ၌ဖော်ပြထားသည်။

Source : ရိုက်တာ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here