နိုင်ငံတော် ဘဏ္ဍာငွေများကို အကျိုးရှိစွာအသုံးချရန် ပြည် ထောင်စု ဝန်ကြီးများအား နိုင်ငံတော်ဝန်ကြီးချုပ် မှာကြား

0
213

နိုင်ငံတော်၏ ဘဏ္ဍာငွေများကို အကျိုးရှိစွာ အသုံးချပြီး ပကာသနများနှင့် For Show  များကို ဦးစားမပေးပဲ ထိရောက်အကျိုးရှိသည့် လုပ်ငန်းများကို ဆောင်ရွက်ကြရန် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားလိုက်
သည်။

၂၀၂၄ ခုနှစ် ‌ဖေဖေါ်ဝါရီ (၁) ရက်က ပြင်ဆင်ဖွဲ့စည်းလိုက်သ ည့် ပြည်ထောင်စု အစိုးရအဖွဲ့သစ်၏ ပထမအကြိမ် အစည်းအဝေးကို
ဖေဖေါ်ဝါရီ (၂) ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်တာဝန်ရှိသူများအနေဖြင့် မိမိတို့၏တာဝန်များကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့ အပေါ်အခြေခံ၍ မိမိတို့တာဝန်ယူထားရသည့် နယ်ပယ်အလိုက် လုပ်ငန်းရပ်များ တိုးတက်အောင်မြင်စေရေး ဆောင်ရွက်သွားရန်လည်း သတိပေး ပြောကြားသွားသည်။

ဝန်ကြီးဌာနများအလိုက် ထုတ်ပေးထားသည့် မော်တော်ယာဉ်များနှင့် စက်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို စနစ်တကျဖြင့် ထိန်းသိမ်းသုံးစွဲကြရန် လိုအပ်ပြီး ဝန်ထမ်းများ ခန့်အပ်ရာတွင်လည်း အမှန်တကယ်လိုအပ်သည့် ဝန်ထမ်းအင်အားကိုသာ ခန့်အပ်ရန်လိုကြောင်းလည်း ပြောကြားသွားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် အခွန်များကို အပြည်အဝ ကောက်ခံကြရန်လည်း ဝန်ကြီးချုပ်က မှာကြားခဲ့သည်။

ထို့အပြင်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း၊ လုံခြုံရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများသည် မိမိတို့အတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်ကြောင်းလည်း သတိပေး ပြောကြားသွားသည်။

ထို့အပြင် တိုင်းပြည်၏ အုပ်ချုပ်ရေး ၊ တရားဥပဒေစိုးမိုးရေးအပါအဝင် စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး၊လယ်ယာစိုက်ပျိုးရေး အားကစား ကဏ္ဍ ၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများနှင့် အသေးစားအငယ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအ တွက် နိုင်ငံတော် ဝန်ကြီးချုပ်က ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here