“စာရိတ္တ” ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အဆိုတော် နေဝင်း အကယ်ဒမီ ရမည်ဟု ထင်ကြေးပေးခံနေရ

0
739

ယနေ့ ညတွင် ကျင်းပမည့် ၂၀၂၃ ခုနှစ် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲတွင် “စာရိတ္တ” ရုပ်ရှင် ဇာတ်ကားဖြင့် အဆိုတော် (သရုပ်ဆောင် ) နေဝင်း အကယ်ဒမီ ဇာတ်ဆောင်ဆု ရနိုင်ကြောင်း ပရိသတ်များက ထင်ကြေးပေးလျက် ရှိသည်။

နေဝင်း သည် “စာရိတ္တ” ရုပ်ရှင်ဇာတ်ကားထဲတွင် ရပ်ကွက် လူမို-က် ၊ သူငယ်ချင်းများအပေါ် အနစ်နာခံပြီး သံယောဇဉ်ကြီးသူ မျိုးကျော် အဖြစ် ပါဝင် သရုပ်ဆောင်ထားပြီး သူ၏ ပီပြင်လှသည့် သရုပ်ဆောင်ကွက်များကြောင့် “စာရိတ္တ” ရုပ်ရှင်ဇာတ်ကားသည် ၂၀၂၃ ခုနှစ်အတွင်း အအောင်မြင်ဆုံး ဇာတ်ကားတစ်ကား ဖြစ်ခဲ့သည်။

စာရိတ္တ ရုပ်ရှင် ဇာတ်ကားကြီးကို The Ray ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူး ထုတ်လုပ်ထာပြီး ဇာတ်လမ်း ဒီဒီထက်အောင်၊ ဇာတ်ညွှန်း သက်ဦးမောင်၊ ဒါရိုက်တာ စိုးမိုးမင်း ၊ Art Director နေသူရိန် နှင့် DOP ထွဋ်တင့်ထွန်း တို့က ဖန်တီးပုံဖော်ထားသည့် အက်ရှင်ဇာတ်ကားကောင်း တစ်ကား ဖြစ်သည်။

အဆိုပါ ဇာတ်ကားထဲတွင် နေဝင်း ၊ ကောင်းမြတ်စံ ၊ ထက်အောင်ရှိုင်း၊ မင်းဘုန်းမြတ် ၊ တေဇလင်းရောင် ၊ မြေမြင့်မိုရ်၊ ဝေလာရီ ၊ ထွန်းပုလဲရတနာ ၊ ဥဩသံသာ ၊ လှနုထွန်း တို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြခြင်း ဖြစ်သည်။

ဇာတ်ပို့သရုပ်ဆောင်များ အနေဖြင့် နေဆန်း၊ မင်းသူ၊ ညီဂျော်၊ သတ္တိတို့အပါအဝင် ဇာတ်ပို့သရုပ်ဆောင်များစွာဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင် အားဖြည့်ပေးထားသည်ကို တွေ့ရမည်။

ထို့အပြင် နာမည်ကျော် ရန်ကုန်လူမိုက် ဝင်းထွဋ်ဝင်းနှင့် သူ ၏ တပည့်များလည်း ယင်းဇာတ်ကားထဲတွင် ပါဝင်အားဖြည့် သရုပ်ဆောင်ထားသည်။

အကယ်၍ အားလုံး ထင်ကြေးပေးထားသည့်အတိုင်း နေဝင်းသာ ယခုဇာတ်ကားဖြင့် အကယ်ဒမီ ရရှိခဲ့ပါက ထွန်းထွန်းနှင့် ရွှေထူး၊ စိုင်းစိုင်းခမ်းလှိုင်တို့၏ နောက်တွင် အကယ်ဒမီရရှိလာမည့် (၄) ဦးမြောက် လူငယ်အဆိုတော် ၊ မင်းသားတစ်ဦး ဖြစ်လာလိမ့်မည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here