“စောင်နီလေးတစ်ထည်” ဇာတ်ကားဖြင့် ဒါရိုက်တာဆု ” တင်အောင်စိုး “ပန်းမြို့တော် ရေပန်းစားနေ

0
571

၂၀၂၃ ခုနှစ် အကယ်ဒမီဆုပေးပွဲတွင် “စောင်နီလေးတစ်ထည်” ဇာတ်ကားဖြင့် ဦးတင်အောင်စိုး (ပန်းမြို့တော်)မှ အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆုရရှိမည်ဟု ရေပန်းစားလျက်ရှိသည်။

ပြည်သူ့ တပ်မတော်သားတို့၏ စွန့်လွှတ် စွန့်စားသော စိတ်ထား၊ ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေးကို အခြေခံရိုက်ကူးထားသည့် “စောင်နီလေးတစ်ထည်” ရုပ်ရှင်ဇာတ်ကားကို တင်အောင်စိုး (ပန်းမြို့တော်) မှ ပုံဖော်ရိုက်ကူးထားခြင်းဖြစ်သည်။

စောင်နီလေးတစ်ထည် ဇာတ်ကားတွင် ရန်အောင်၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ကျော်ဇောဟိန်း၊ နက္ခတ်၊ အယ်လ်နေနော်၊ အယ်လ်ဆိုင်းဇီ၊ နေရောင်၊ သီဟနိုင်၊ သားထွေးနှင့် ဇီဇီတို့ အဓိက သရုပ်ဆောင်ထားကြခြင်းဖြစ်သည်။

၎င်းဇာတ်ကားသည် ဖြစ်ရပ်မှန်အပေါ် အခြေခံရိုက်ကူးထားခြင်းဖြစ်ပြီး ဝတ္ထုဇာတ်လမ်း တင်သန်းဦး၊ တင်အောင်စိုး(ပန်းမြို့တော်)တို့က ရေးသား၍ မျိုးမြင့်ရန်နောင်က ဇာတ်ညွှန်းရေးဖွဲ့၍ ဒါရိုက်တာတင်အောင်စိုး (ပန်းမြို့တော်)က ရိုက်ကူးတင်ပြထားသည်။

ထို့အပြင် အကောင်းဆုံး အမျိုးသမီး၊ ဇာတ်ပို့၊ ဇာတ်ဆောင်ဆုကို “စောင်နီလေးတစ်ထည်” ဇာတ်ကားဖြင့်သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ တို့လည်း ဆုရနိုင်ချေ သုံးသပ်နေခြင်းလည်းရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here