နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် နေပြည်တော်ဇုန်အသင်းဗိုလ်စွဲ

0
163

နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် နေပြည်တော်ဇုန်အသင်းအား နစက ဥက္ကဋ္ဌ က ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲစဥ်အဖြစ် နေပြည်တော်ဇုန်နှင့် မိတ္ထီလာဇုန်အသင်းတို့ ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားက စားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အကြိတ်အနယ် ဖိအားပေး ယှဉ်ပြိုင်ခဲ့ကြပြီး ပထမပိုင်းပွဲကစားချိန် ၄၄ မိနစ်တွင် ရရှိသည့် ပင်နယ်တီသွင်းဂိုးဖြင့် နေပြည် တော်ဇုန် အသင်းက ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ဒုတိယ ပိုင်းပွဲကစားချိန် ၆၂ မိနစ်တွင် မိတ္ထီလာဇုန်အသင်း ကချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သော်လည်း မကြာခင်မှာပင် နေပြည်တော်ဇုန်အသင်းက ပွဲအတွက်အနိုင်ဂိုးဖြစ်စေမည့်ဂိုးကို ပွဲကစားချိန် ၆၅ မိနစ်၌ သွင်းယူနိုင်ခဲ့သောကြောင့် ပွဲပြီးဆုံးချိန်တွင် နေပြည်တော်ဇုန်အသင်းက မိတ္ထီလာဇုန် အသင်းကို ၂ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး တံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူးရရှိသွားခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး ပထမဆုရရှိသည့် နေပြည်တော်ဇုန် အသင်းအား နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရရှိသည့် ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပြီး တစ်ဦးချင်း ဆုတံဆိပ်များကို နစက တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက  ပေးအပ်ချီးမြှင့်ခဲ့သည်။

ဒုတိယဆုရရှိသည့် မိတ္ထီလာဇုန် အသင်းကို  နစကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တတိယဆုရရှိသည့် မကွေးဇုန်အသင်းကို နစကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့က တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြိုင်ပွဲတွင် အကောင်းဆုံး (ဂိုးသမား)ဆု၊ အကောင်းဆုံး (နောက်တန်း)ဆု၊ အကောင်းဆုံး (အလယ်တန်း)ဆု၊ အကောင်းဆုံး (ရှေ့တန်း)ဆု၊ ဂိုးသွင်းအများဆုံး အားကစားသမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမား ဆုရရှိသူများကို နစက အဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ပိုးရယ်အောင်သိန်း၊ ဒေါ်ဒွဲဘူ၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က တစ်ဦးချင်း အကောင်းဆုံးဆု တံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here