ကျွန်းလှမြို့နယ်တွင် ဆောင်းနှမ်း ဧက ၁၄၀၀၀ ကျော်ရိတ် သိမ်းရာတင်း ၂ သိန်း ၃သောင်းကျော်ထွက်

0
162

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်ဆောင်းနှမ်း ဧက ၁၄၀၀၀ ကျော် ရိတ်သိမ်းရာ တင်း၂ သိန်း ၃ သောင်းကျော်ထွက်ကြောင်း သိရသည်။

“ဒီနှစ် ဆောင်းရာသီမှာ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နေကြာ၊ နှမ်း၊ ပန်းနှမ်း၊ မုံညှင်းစေ့ သီးနှံများစိုက်ပျိုးခဲ့ပါတယ်။ ဆီထွက်သီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းရန် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိပါတယ်။ သီးထပ်၊ သီးညှပ် စိုက်ပျိုးဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ယခုနှစ် ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံဧက၂ သောင်း ၁ ထောင်ကျော်၊ ဆီထွက်သီးနှံ ဧက ၃သောင်းခွဲကျော်၊ စားဖိုဆောင် ၈ ဧက၊ အခြားသီးနှံ ဧက ၃၅၀၀ ကျော်၊ စုစုပေါင်း ဧက ၆ သောင်းကျော်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ စိုက်ပျိုးရန် ဧက ၃ သောင်း ၄ ထောင်ကျော်လျာထားခဲ့ရာ ဧက ၃ သောင်းခွဲကျော်စိုက်ပျိုးနိုင်ခဲ့ပြီး နှမ်းသီးနှံ ဧက ၁ သောင်း ၄ ထောင်ကျော်စိုက်ပျိုးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here