အီရတ်နှင့် ဆီးရီးယားမှ ပစ်မှတ် ၈၅ ခုကျော်ကို တိုက်ခိုက်ခဲ့ဟု အမေရိကန်ဆို

0
227

ဂျော်ဒန်ရှိ အမေရိကန်တပ်များကို တိုက်ခိုက်ခြင်းအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အီရတ်နှင့် ဆီးရီးယားရှိ ပစ်မှတ် ၈၅ ခုကျော်ကို ၎င်း၏စစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။

“ဖေဖော်ဝါရီ ၂ ရက် အရှေ့တိုင်းစံတော်ချိန် ညနေ ၄ နာရီမှာ အမေရိကန် ဗဟိုစစ်ဌာနချုပ် တပ်ဖွဲ့တွေက အီရတ်နဲ့ ဆီးရီးယားမှာ အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ် Quds တပ်ဖွဲ့နဲ့ ဆက်နွယ်နေတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ အမေရိကန် စစ်တပ်က ပစ်မှတ် ၈၅ ခုကျော်ကို တိုက်ခိုက်ခဲ့ပါတယ်” ဟု အမေရိကန် ဗဟို စစ်ဌာနချုပ်မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တာဝေးပစ်ဗုံးကြဲလေယာဉ်များ အပါအဝင် လေယာဉ်အမြောက်အမြားဖြင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်ခဲ့သည့် အဆောက်အအုံများတွင် ကွပ်ကဲမှုထိန်းချုပ်ရေးစင်တာများ၊ ထောက်လှမ်းရေးဌာနများနှင့် မောင်းသူမဲ့လေယာဉ်များ သိုလှောင်ရာနေရာများ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် တိကျသော ဖေါက်ခွဲရေးပစ္စည်း ၁၂၅ လုံးကျော်ကို အသုံးပြုခဲ့သည်။

ဂျော်ဒန်ရှိ အမေရိကန်တပ်များသည် အီရတ်ရှိ အစ္စလာမ္မစ် တော်လှန်ရေးသမားများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု အမေရိကန်က အစောပိုင်းတွင် ပြောကြားခဲ့သည်။ ပင်တဂွန်စစ်ဌာနချုပ်၏ အဆိုအရ အဆိုပါ တိုက်ခိုက်မှုတွင် အမေရိကန် စစ်မှုထမ်း သုံးဦး သေဆုံးပြီး အခြား ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here