လှိုင်သာယာမြို့နယ်တွင် ကုန်တင်ယာဉ် (၂)စီး တိုက်မိရာ ယာဉ်မောင်း အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရ

0
260

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ကုန်တင်ယာဉ် (၂)စီး တိုက်မိမှု ဖြစ်ပွားရာ ယာဉ်မောင်း အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အနီးဝန်းကျင်ရှိသူများထံ မှ သိရသည်။

ဖေဖော်ဝါရီ (၂) ရက်၊ ည (၁၀)နာရီ၊ မိနစ် (၂၀) အချိန်ခန့်က လှိုင်သာယာမြို့နယ် ရန်ကုန် – ပုသိမ် လမ်းမကြီး ဘီအိုစီ မီးပွိုင့်တွင် ကုန်တင်ယာဉ် (၂)စီး အရှိန်မထိန်းနိုင်ဘဲ တိုက်မိပြီးတိမ်းမှောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်း အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here