ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့၊ ဆွတ်ငိုင်ရပ်ကွက်၊ လမ်းသွယ်(၂)နှင့် (၃)ကြားတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖေဖော်ဝါရီ (၂) ရက်၊ ည (၆)နာရီခွဲ အချိန်ခန့်က ဆွတ်ငိုင်ရပ်ကွက်၊ လမ်းသွယ်(၂)နှင့် (၃)ကြားတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တနိုင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ရာ ည (၆)နာရီ (၅၀)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတဝှမ်း မီးလောင်/ မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေး မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို မီးသတ်ဦးစီးဌာနမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မပျက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်း နှစ်စဉ်ပျမ်းမျှ မီးလောင်မှု အကြိမ်ရေ ၁၈၀၀ ကျော်ခန့်ဖြစ် ပွားခဲ့ပြီး မီးလောင်ဆုံးရှုံးမှု ခန့်မှန်း တန်ဖိုးအနေဖြင့် ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော်ခန့်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။