ဂါဇာအရေးနဲ့ ပတ်သက်ပြီး အီးယူက စံနှစ်မျိုးဖြစ်နေတယ်လို့ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာ ဝေဖန်

0
181

ဥရောပသမဂ္ဂအနေ(အီးယူ) အနေနဲ့ ဂါဇာပဋိပက္ခကို ချဉ်းကပ်ရာမှာ ယူကရိန်းအရေးအပေါ်ထားရှိတဲ့ သဘောထားလိုပဲ တသမတ်တည်းထားဖို့ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးတွေကို တောင်းဆိုပါတယ်။ သောကြာနေ့က ဘရပ်ဆဲလ်မှာ ပြုလုပ်တဲ့ ဥရောပ၊
အင်ဒို-ပစိဖိတ်နဲ့ အာဆီယံနိုင်ငံတွေမှ ဝန်ကြီးတွေ တက်ရောက်တဲ့ အစည်းအဝေးအတွင်း ယင်းသို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အာဆီယံနဲ့ အီးယူအဖွဲ့တွေဟာ နိုင်ငံတကာဥပဒေရဲ့ စံနှုန်းတွေ၊ အခြေခံမူတွေကို ရှေ့တန်းကနေ လေးစားလိုက်နာသင့်ပြီး ဒီလေးစားမှုကို ပါလက်စတိုင်းနဲ့ ဂါဇာမှာလည်း ကျင့်သုံးသင့်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က အင်ဒို-ပစိဖိတ်နဲ့ ဥရောပဝန်ကြီးများဖိုရမ်မှာ ပြောဆိုခဲ့ပါတယ်။

အီးယူနဲ့ မိမိတို့ အားလုံးဟာ နိုင်ငံတကာဥပဒေတွေကို အခိုင်အမာ ထောက်ခံသူတွေဖြစ်တဲ့ အားလျော်စွာ ဂါဇာအရေးနဲ့ ပတ်သက်ရင်လည်း တသမတ်တည်း ထားရှိလိမ့်မယ်လို့ မိမိ ယုံကြည်ပါကြောင်း သူမက ဆက်လက် ပြောဆိုခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး အလီ ဆာဘရီက အရှေ့အလယ်ပိုင်း အရေးနဲ့ ပတ်သက်လာရင် စံနှုန်းနှစ်ခုရှိနေတယ်ဆိုတဲ့ Global South (ဖွံ့ဖြိုးဆဲနိုင်ငံများ) ရဲ့ ခံစားချက်ကို မိမိတို့ ကိုယ်စားပြုပါတယ်လို့ ဆိုခဲ့ပါတယ်။ ပါလက်စတိုင်း ပြည်သူတွေရဲ့ အကျပ်အတည်း၊ ယူကရိန်းပြည်သူတွေရဲ့ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဒီအခြေအတင်ဖြစ်မှုက ဆက်ရှိနေပါကြောင်း လူတွေဟာ ကိုယ့်နှလုံးသားဆန္ဒကို သစ္စာရှိရမှာဖြစ်ပြီး လူသားအားလုံးဟာ အရေးကြီးတဲ့အတွက် လူတိုင်းက မှန်မှန်ကန်ကန် လုပ်ရမှာဖြစ်တယ်လို့လည်း သူက ဆိုခဲ့ပါတယ်။

နိုင်ငံပေါင်း ၇၀ ကျော်နဲ့ အင်ဒို-ပစိဖိတ်၊ ဥရောပမှ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေမှ ဝန်ကြီးတွေ ပါဝင်တဲ့ တတိယအကြိမ်မြောက် အီးယူ-အင်ဒို ပစိဖိတ် ဝန်ကြီးအဆင့်အစည်းအဝေးကို သောကြာနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပြီး မွန်းလွဲပိုင်းမှာတော့ ၂၄ ကြိမ်မြောက် အီးယူ-အာဆီယံ ဝန်ကြီးအဆင့် ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Ref: Lankaewb


LEAVE A REPLY

Please enter your comment!
Please enter your name here