အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၇၅/၄) နှင့် (၇၅/၅) အကြားတွင် ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွား

0
182

နေပြည်တော် – ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၇၅/၄) နှင့် (၇၅/၅) အကြားတွင် ယာဉ်(၁)စီး တိမ်းမှောက်မှုဖြ စ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ဖေဖော်ဝါရီ (၂) ရက်၊ ညနေ (၅) နာရီ (၅၅)မိနစ်အချိန်ခန့်ကတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဥသျှစ်ကုန်းအမြန်လမ်း မီးသတ်စခန်းမှ မီးသတ်ယာ ဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ကျွန်းပါကေးတုံး (အရိုင်း)များ တင်ဆောင်မောင်းနှင်လာသော Nissan Ad Van (အဖြူရောင်) ယာဉ်မှာ မိုင်တိုင် (၇၅/၄) နှင့် (၇၅/၅) အရောက် ရှေ့ဝဲဘက်ဘီးပေါက်ကာ အရှိန်းမထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်းမှ ကာရန်ထားသည့် ဂတ်ဝေးတန်းအားကျော်ကာ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိပြီး ပက်လက်လန်တိမ်းမှောက်ရပ်တန့်သွားကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦးအနက် (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မြို့ချောင်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ (၂) ရက်၊ နံနက် (၆)နာရီ (၂၅)မိနစ် အချိန်ခန့်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၅၉/၅ တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနီအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ (၁)ရက်၊ ည (၉)နာရီအချိန်ခန့်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၆ ၆/၇-၆၇/ဝ)ကြားတွင် ယာဉ်တစ်စီးမှ ဆိုင်ကယ် တစ်စီးအား မတော်တဆ ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်ပေါ်ပါ အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း အမြန်လ မ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here