၂၀၂၃ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုဖြင့် အကယ်ဒမီရရန် ရေပန်းအစားဆုံးဖြစ်နေသည့် သရုပ်ဆောင် မေမြင့်မိုရ်

0
442

တက်သစ်စ သရုပ်ဆောင်တစ်ဦးဖြစ်သည့် မင်းသမီး မေမြင့်မိုရ်သည် ၂၀၂၃ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုဖြင့် အကယ်ဒမီရရန် ရေပန်းအစားဆုံးဖြစ်နေသည်။

သူမသည် ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား အများအပြားတွင် ပါဝင်သရုပ်ဆောင်ခွင့် ရထားပြီး အကယ်ဒမီ ဆန်ကာတင် ဇာတ်ကား (၅) ကားအထိ ပါဝင်သရုပ်ဆောင်ခွင့် ရထားသူလည်း ဖြစ်သည်။

ယင်းကဲ့သို့ ဆန်ကားတင်ဇာတ်ကား အများစုတွင် ပါဝင်နေခြင်းနှင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားခြင်းကြောင့်ပင် ယနေ့ည ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲ၌ ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ထိုက်ထိုက်
တန်တန် ရရှိနိုင်သည်ဟု ထင်ကြေးအပေးခံရဆုံး စာရင်းထဲတွင် ရှေ့ဆုံးမှ ပါဝင်နေခြင်းလည်း ဖြစ်သည်။

မေမြင့်မိုရ်သည် ၂၀၂၃ ခုနှစ် အကယ်ဒမီဆန်ကာတင် ဇာတ်ကားများထဲမှ လူကြိုက်များ အားပေးမှုများခဲ့သည့် “ရည်ရွယ်မိုး” ၊ “စာရိတ္တ” ၊ ” တောင်းဆုတစ်ခု ပြည့်စေသား” ၊ “စတုတ္ထမြောက် သွေးကြောမျှင်” ၊ ” မုန်းခွင့်” စသည့် ရုပ်ရှင် ဇာတ်ကား များတွင် ပါဝင်သရုပ်ဆောင် ထားသူဖြစ်သည်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရွေးချယ်ချီး မြှင့်ပွဲ အခမ်းအနားကို ယနေ့ ဖေဖေါ်ဝါရီ (၃) ရက် ညပိုင်းတွင် နေပြည်တော် MICC(1) တွင် ခမ်းနားထည်ဝါစွာ ကျင်း ပသွားမည်ဖြစ်ပြီး ရုပ်ရှင်လောကသားများ၊ အနုပညာရှင် အတတ်ပညာရှင်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here