ပန်းတောင်းမြို့နယ်၊ ဧရာဝတီချဉ်းကပ် ကားလမ်း၊ မိုင်တိုင် (၆/၃)နှင့် (၆/၄)အကြားတွင် (၁၂)ဘီး တွဲယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွား

0
213

ပဲခူတိုင်းဒေသကြီး၊ အနောက်ပိုင်း ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ငါးဆယ်ပေအုပ်စု၊ ဘုရားပေါ်ကျေးရွာအနီး၊ပြည် – တောင်ကုတ် ကားလမ်း မိုင်တိုင်အမှတ် (၆/၃) နှင့် (၆/၄) အကြားတွင် (၁၂)ဘီး တွဲယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ဖေဖော်ဝါရီ (၂) ရက်၊ ညနေ (၄)နာရီ (၃၅)မိနစ်အချိန်ခန့်က ဖြစ်ခဲ့​သောထိုဖြစ်စဥ်တွင် တွဲယာဉ်မှာ ကုန်းတက်ရာမှ ယာဉ်နောက်ပြန်လိမ့်ကျ ၍ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နေရာသို့ ပန်းတောင်းမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့်အတူ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) ပရဟိတပါရမီမှ အရေးပေါ် ထွက်ခွာ ကူညီပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုတွင် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသဖြင့် ကျန်ရှိလုပ်ငန်းစဉ်များအား ပန်းတောင်းနယ်မြေခံ ရဲစခန်းမှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here