“ကိုယ်ပွား” ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆု ရမည်ဟု ထင်ကြေးပေးခံရနေသည့်  ကျော်ထက်အောင်

0
460

၂၀၂၃ ခုနှစ်အတွက် အမျိုးသား ဇာတ်ဆောင်ဆုကို “ကိုယ်ပွား” ဇာတ်ကားဖြင့် သရုပ်ဆောင် ကျော်ထက်အောင်အား ရရှိနိုင်သည်ဟု ပရိသတ်များကခန့်မှန်းထားသည်။

အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ မင်းဦး က ဖန်တီးထားပြီး ကျော်ထက်အောင် ၊ နေခြည်ဦး၊ ယမုံ၊ မင်းဦး၊ ချာလီ၊ ကောင်းစစ်သွေး၊ မင်းပိုင်၊ ထွန်းအိန္ဒြာဗို၊ မြတ်ကေသီအောင်၊ လီလီကျော်ခိုင်၊ ချစ်စနိုးဆု နဲ့ သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်သည်။

“ကိုယ်ပွား”ရုပ်ရှင်ဇာတ်ကားမှာ အဓိကသရုပ်ဆောင်‌အနေနဲ့ ကျော်ထက်အောင်က နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားခြင်းဖြစ်သည်။

ကိုယ်ပွားဇာတ်ကားမှာ သရုပ်ဆောင်ကျော်ထက်အောင်က တစ်ယောက်တည်းကပင် စရိုက်နှစ်မျိုး သရုပ်ဆောင်ထားပြီး  ကာရိုက်တာအပိုင်းတွင်လည်း နှစ်ခုလုံးက ခပ်ဆိုးဆိုးစရိုက်ပုံစံ သရုပ်ဆောင်ထားခြင်းဖြစ်သည်။

ယင်းကြောင့် ရုပ်ရှင်ချစ်ပရိသတ်များက ၂၀၂၃ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆုကို ကျော်ထက်အောင်အား ခန့်မှန်းပေးထားကြသည်။

အောင်ခေတ်မင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီးလွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ဝတ္ထုကို ဇာတ်ညွှန်းမိုးနီလွင်ကရေးသားထားကာ ဒါရိုက်တာ မင်းဦး၏ အချစ်၊ ဒရမ်မာ ဇတ်ကားအမျိုးအစားဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here