အိမ်သုံး၊ မီးဖိုချောင်သုံး Gas ဈေးနှုန်းများ မြင့်တက်လာ

0
313

စားသောက်ဆိုင်များ၊အိမ်ရှင်မများနေ့စဉ်ချက်ပြုတ်ရေးအတွက် အသုံးပြုရသည့် အိမ်သုံး၊ မီးဖိုချောင်သုံး Gas ဈေးနှုန်းများ မြင့်တက်လာကြောင်း Gas ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ယခင် Gas တစ်ပိဿာ ကျပ် ၆၀၀၀ မှ ၆၅၀၀ ကျပ်မှ ယခုအခါ Gas တစ်ပိဿာဈေးကျပ် ၇၅၀၀ သို့မြင့်တက်လာကြောင်း ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်း၌ ပြည်တွင်းဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုကြောင့် ဈေးများမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်း ဈေးကွက်အတွင်း အိမ်သုံး Gas အသန့် လက်ကားဈေးနှုန်းအဖြစ် 48 Kg တစ်အိုးလျှင် ယခင်က ၁၅၄,၀၀၀ ကျပ်ဝန်းရှိခဲ့ပြီး ယခုအခါ ၁၈၅,၀၀၀ ကျပ်အထိ မြင့်တက်လာပြီး အရောပါသည့် Gas အိုးဈေးနှုန်းသည် Gas အသန့်ထက် အနည်းငယ် ဈေးသက်သာပြီး ၁၇၀,၀၀၀ ကျပ်ခန့်ရှိကြောင်း သိရသည်။

ကမ္ဘာ့ LPG ဈေးကွက်အတွင်း Gas ဈေးနှုန်းများ မြင့်တက်ခြင်းနှင့် ပြည်တွင်းကျပ်ငွေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျ အခြေအနေတို့ကြောင့် Gas ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်လည်း သိရသည်။

ပြည်တွင်း၌ အသုံးပြုနေသည့်အိမ်သုံး၊ မီးဖိုချောင်သုံး၊ လုပ်ငန်းသုံး Gas များကို ပင်လယ်ရေကြောင်းမှတဆင့် အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းသလို နယ်စပ်လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံမှ တင်သွင်းလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံပိုင်စက်ရုံများမှ ပြည်တွင်းလိုအပ်ချက်အတွက် Gas ထုတ်လုပ်ဖြန့်ဖြူးနေသော်လည်း မလုံလောက်သဖြင့် ပြည်ပနိုင်ငံများမှ လစဉ် Gas တန်ချိန် ၁၂၀၀၀ ခန့် တင်သွင်းနေရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here