၂၀၂၄ ခုနှစ်၏ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုစတင်

0
199

ထိုင်းက ​ပြောင်းတင်သွင်ခြင်းကို၂၀၂၄ ခုနှစ်အတွက် အကောက်ခွန်ကင်းလွတ်ခွင့်စပြီဖြစ်၍ဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုကို ဖေဖော်ဝါရီလ (၁)ရက်နေ့မှ စတင်တင်ပို့နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။

လက်ရှိတွင် တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ စတင်တင်ပို့လျက်ရှိပြီး မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တင်ပို့ရန် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် အဆိုပါ ဒေသတွင်စိုက်ပျိုးထားသည့် ပြောင်းအနည်းငယ်ကိုသာ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ (၁) ရက်မှ ဩဂုတ်လကုန်အထိ ထိုင်းနိုင်ငံသို့ အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် တင်ပို့ပြီး ကျန်ကာလများတွင် ၇၂ ရာခိုင်နှုန်း အခွန်ပေးဆောင်ရကြောင်း သိရသည်။

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့ပြောင်း ၏ ၆၅ ရာခိုင်နှုန်းကို ထိုင်းသို့ တင်ပို့မည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ အိန္ဒိယ၊ ဖိလစ်ပိုင် နှင့် ဗီယမ်နမ်၊ ဘင်္ဂလားဒေ့်၊ အာဖရိကသို့ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

နှစ်စဉ်ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့်  တန်ချိန်ချိန် ၂ သန်းခန့် တင်ပို့လျက်ရှိပြီး ယခု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် လက်ရှိအချိန်ထိ ပြည်ပသို့ ပြောင်းတန်ချိန် ၁ သန်းခွဲကျော် တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here