အငြင်းပွား ကျွန်းတစ်ကျွန်းမှာ ဖိလစ်ပိုင် သင်္ဘောတစ်စင်း တရားမဝင် ဆိုက်ကပ်ဟု တရုတ် ပြောဆို

0
203

တောင်တရုတ်ပင်လယ်ရှိ ၂ နှစ်နိုင်ငံ အငြင်းပွား ကျွန်းတစ်ကျွန်းရဲ့ ကမ်းခြေမှာ ဖိလစ်ပိုင် အရပ်ဘက် သင်္ဘောတစ်စင်း ဆိုက်ကပ်ခဲ့တယ်လို့ တရုတ်က စနေနေ့ (ဖေဖော်ဝါရီ ၃) မှာ ပြောဆိုပါတယ်။

စပရက်တလေကျွန်းစုမှာ သောကြာနေ့က ဆိုက်ကပ်ခဲ့တဲ့ ယင်းသင်္ဘောဟာ ရိက္ခာထောက်ပံ့ရေး ရည်ရွယ်ချက်အတွက်ဖြစ်တယ်လို့ တရုတ်ကမ်းခြေစောင့်တပ်က ပြောဆိုပါတယ်။

ဖိလစ်ပိုင်ဟာ ၁၉၉၉ ခုနှစ်မှာ ရပ်နားခဲ့တဲ့ ဒုတိယကမ္ဘာစစ်လက်ကျန် သင်္ဘောတစ်စင်းပေါ်ကို တပ်ဖွဲ့ဝင်အနည်းငယ် တပ်စွဲကာ ကင်းစခန်းတစ်ခုအဖြစ် အသုံးပြုနေပြီး Second Thomas Shoal ကျွန်းကို ၎င်းတို့အချုပ်အခြာပိုင်အဖြစ် အာဏာစက်သက်ရောက်စေဖို့ ကြိုးပမ်းခဲ့ပါတယ်။ ယင်းကျွန်းကို ဖိလစ်ပိုင်မှာ Ayungin အဖြစ်၊ တရုတ်မှာ Renai Reef အဖြစ် သိကြပါတယ်။

အာရှနှစ်နိုင်ငံအကြား ဆက်ဆံရေး ယိုယွင်းမှုဖြစ်ပေါ်စေတဲ့ ကင်းစခန်းသင်္ဘောကို အဝေးသို့ ဆွဲထုတ်သွားဖို့ ပြီးခဲ့တဲ့နှစ်မှာ ပေကျင်းက တောင်းဆိုခဲ့ပေမယ့် မနီလာက ငြင်းဆိုခဲ့ပါတယ်။

တရုတ်ဟာ ဗီယက်နန်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနဲ့ အင်ဒိုနီးရှားတို့က ပိုင်ဆိုင်ကြောင်း ကြေညာထားတဲ့ ဧရိယာတွေအပါအဝင် တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ၎င်းတို့ အချုပ်အခြာပိုင်အဖြစ် မှတ်ယူထားပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here