အီရတ်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသူ (၃) ဦး နိုင်ငံတော်အစိုးရအစီအစဥ်ဖြင့် နေရပ်ပြန်ရောက်ရှိလာ

0
177

အီရတ်နိုင်ငံ၊ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား အမျိုးသမီး (၃) ဦးကို မြန်မာနိုင်ငံသို့ အမြန်ပြန်လည် ပို့ဆောင်ပေးနိုင်ရေးအတွက် ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသည် အီရတ်နိုင်ငံရှိ အာဏာပိုင်များနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

အစ္စရေးနှင့်ဟားမားစ်တို့ ပဋိပက္ခအတွင်း ပိတ်မိခဲ့ကြသည့် မြန်မာ နိုင်ငံသားများကို အချိန်မီကယ်တင်နိုင်ခဲ့သည့်နည်းတူ အီရတ်နိုင်ငံ အကျပ်အတည်းများအတွင်း ပိတ်မိနေကြသော မြန်မာနိုင်ငံသားများကိုလည်း နိုင်ငံတော်၏စေတနာဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ ဖေဖော်ဝါရီလ (၁) ရက် ည နေ ၅ နာရီ ၁၅ မိနစ်တွင် ဘဂ္ဂဒက်-ဒူဘိုင်း-ဘန်ကောက် -ရန်ကုန်ခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ပြန်လည်ရောက်ရှိလာသော အီရတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှာ မဟန်နီထွန်း၊ မမြတ်အေးစံနှင့် မသန်းနွယ်ဌေးတို့ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် ပြည်ပတွင်ရောက်ရှိနေကြသည့် အမိနိုင်ငံသားများ အခက်အခဲများ ကြုံတွေ့နေရပါက မည်သို့သော အခြေအနေသို့ ရောက်ရှိနေသည့်တိုင် မိမိတို့နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားပြီး ကယ်တင်ခြင်း၊ ပြန်လည်ခေါ်ဆောင်ခြင်းတို့ကို မြန်မာသံရုံးနှင့် သက်ဆိုင်ရာနိုင်ငံသံရုံးများ ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ မိမိတို့နိုင်ငံသားများ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်‌ရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here