“အဓိပ္ပါယ်ရှိသောကြယ်” ဇာတ်ကားဖြင့် (၃) ထပ်ကွမ်း အကယ်ဒမီဆုရှင် ဖြစ်လာနိုင်သည့် မြင့်မြတ်

0
436

ဒါရိုက်တာ အရုဏ်ဦး ပွင့်သိင်္ဂီဇော် ရိုက်ကူးပုံဖော်ထားသည့် “အဓိပ္ပါယ်ရှိသောကြယ်” ဇာတ်ကားဖြင့် သရုပ်ဆောင် မြင့်မြတ်အား သုံးထပ်ကွမ်း အကယ်ဒမီဆုရရှိနိုင်သည်ဟု ပရိသတ်များက ထင်​ကြေး​ပေး​နေကြသည်။

အဆိုပါ ဇာတ်ကားသည် ချစ်စရာ Romance ကားလေးဖြစ်ပြီး Triple Six ရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်လမ်း၊ ဇာတ်ညွှန်း အင်ကြင်းဟန် ရေးသားကာ ဒါရိုက်တာ အရုဏ်ဦး ပွင့်သိင်္ဂီဇော် က ပုံဖော်ရိုက်ကူးထားခြင်းဖြစ်သည်။

“အဓိပ္ပါယ်ရှိသောကြယ်” ဇာတ်ကားတွင် သရုပ်ဆောင်များ အနေဖြင့် အကယ်ဒမီ မြင့်မြတ်၊ နန်းစုဦး၊ ရွှေပုဏ္ဏမီကျော်၊ ဧည့်သည်သရုပ်ဆောင် ဘုန်းသျှံ ၊ ငှက်ပျော်ကြော်၊ ကေညီ၊ နေလင်း၊ မိုးစက်၊ စိုးကြီး စသည့် သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားကြသည်။

ယခုသရုပ်ဆောင်မြင့်မြတ်အား ပုံမှန်မြင်တွေ့နေကျ ဟာသ၊ အကြမ်းဇာတ်ရုပ်၊ ဒရာမာဇာတ်ကားများတွင် မြင်တွေ့နေကျပုံစံမဟုတ်ဘဲ အချစ်ခန်းလေးများဖြင့် မြင်တွေ့ရမည်ဖြစ်သည်။

သရုပ်ဆောင်မြင့်မြတ်သည် ၂၀၁၇ ခုနှစ်တွင် “အမှောင်တွေရွာချတဲ့မိုးတိမ်” ဇာတ်ကားဖြင့် ပထမဦးဆုံးအမျိုးသားဇာ တ်ပို့ဆု အကယ်ဒမီကိုရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း “ခရေ” ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသည့် လူငယ် သရုပ်ဆောင်တစ်ဦးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here