အကယ်ဒမီ ပေးပွဲ အခမ်းအနားတက်ရောက်ရန် ဝါရင့်အနုပညာရှင်အတတ်ပညာရှင်များ  နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာ

0
308

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြင့်ပွဲ အခမ်းအနားကို ယနေ့ ဖေဖေါ်ဝါရီ (၃) ရက် ညပိုင်းတွင် နေပြည်တော် MICC(1) ရှိ ကျောက်စိမ်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့တက်ရောက်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ဝါရင့်အနုပညာရှင်များ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်သို့ရောက်ရှိလာပြီဖြစ်သည်။

အကယ်ဒမီ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည့် ဝါရင့်အနုပညာရှင်များအား တပ်မတော်လေမှ တာဝန်ရှိသူများက Myanmar Air Force လေယာဉ်ဖြင့် ခေါ်ယူလာခဲ့ခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here