၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ နိုင်ငံတော် ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ဖွင့်လှစ်ပေး

0
400

ယနေ့ ဖေဖော်ဝါရီ (၃) ရက် ညပိုင်းတွင် နေပြည်တော် MICC (1) ၊ ကျောက်စိမ်းခန်းမ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပနေသည့် ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ နိုင်ငံတော် ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ယနေ့ ညကျင်းပနေသည့် အကယ်ဒမီ ချီးမြှင့်ပွဲ အခမ်းအနားအတွက် ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများထဲမှ (၁၂)ကို နောက်ဆုံး ဆန်ကာတင်ဇာတ် ကားများအဖြစ် အကယ်ဒမီ ဆုရွေးချယ်ရေးအဖွဲ့က ကြည့်ရှုအကဲဖြတ်ကာ ရွေးချယ်ထားကြပြီး အဆိုပါ ရုပ်ရှင်ဇာတ်ကားများထဲမှ ထူးချွန်ပြောင်မြောက်စွာ ၊ ကျရာဇာတ်ရုပ်နှင့် အလိုက်ဖက်ဆုံး ပီပြင်စွာ သရုပ်ဆောင်နိုင်ကြသူများကို မကြာမီအချိန်အတွင်း ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး ထူးချွန်ဆုများ ချီးမြှင့်ပေးအပ်သွားတော့မည် ဖြစ်သည်။

​ယခုနှစ်တွင် ​ဒေသတွင်းနိုင်ငံအချို့၏ ရုပ်ရှင်နယ်ပယ်မှ ပုဂ္ဂိုလ်အချို့လည်း တက်​ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here