အကောင်းဆုံး ဒါရိုက်တာဆုကို တပ်မတော် ဂုဏ်ပြုဇာတ်ကား “စောင်နီလေးတစ်ထည်” ရှပ်ရှင်ဖြင့် ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)ရရှိ

0
846

၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး ဒါရိုက်တာဆုကို “စောင်နီလေးတစ်ထည်” ရုပ်ရှင်ဇာတ်ကားဖြင့် တင်အောင်စိုး(ပန်းမြို့တော်)က ရရှိခဲ့သည်။

စောင်နီလေးတစ်ထည် ဇာတ်ကားတွင် ရန်အောင်၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ကျော်ဇောဟိန်း၊ နက္ခတ်၊ အယ်လ်နေနော်၊ အယ်လ်ဆိုင်းဇီ၊  နေရောင်၊  သီဟနိုင်၊ သားထွေးနှင့် ဇီဇီတို့ အဓိကသရုပ်ဆောင် ထားကြခြင်းဖြစ်သည်။

စောင်နီလေးတစ်ထည် ရုပ်ရှင်ဇာတ်ကား သည် ဖြစ်ရပ်မှန်အပေါ် အခြေခံရိုက်ကူးထား ခြင်းဖြစ်ပြီး ဝတ္ထုဇာတ်လမ်းကို တင်သန်းဦး၊ တင်အောင်စိုး(ပန်းမြို့တော်)တို့ကရေးသား ၍ မျိုးမြင့်ရန်နောင်က ဇာတ်ညွှန်းရေးဖွဲ့၍  ဒါရိုက်တာတင်အောင်စိုး (ပန်းမြို့တော်)က ရိုက်ကူးတင်ပြထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here