(၄) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင် အကယ်ဒမီဆုရှင် ရုပ်ရှင်မင်းသားဖြစ်လာသည့် အကယ်ဒမီ နေဝင်း

0
997

၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုကို “ရည်ရွယ်မိုး” ဇာတ်ကားဖြင့် သရုပ်ဆောင် နေဝင်းမှရရှိခဲ့သည်။

“ရည်ရွယ်မိုး” ရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်လမ်း၊ဇာတ်ညွှန်း ဒီဒီထက်အောင်၊ ဒါရိုက်တာ စိုးမိုးမင်းကရိုက်ကူးထားပြီးအကယ်ဒမီကျော်ရဲအောင်၊ ရဲရင့်အောင်၊ နေဝင်း၊ မေမြင့်မိုရ်၊ မင်းအာကာ၊ ခွန်းည၊ ချိုမဒီသွင်၊ မီကိုခန့်၊ ထွန်းထွန်း၊ ဆန္ဒမောင်၊ ရှမ်းလေး၊ သားပေါက်၊ ကိုသက် နှင့် အနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ထားကြခြင်း ဖြစ်သည်။

နေဝင်းသည် ဟစ်ဟော့အဆိုတော်၊ တေးရေးဆရာတစ်ယောက် အဖြစ်မှ သရုပ်ဆောင်လောကသို့ ကူးပြောင်းလာသည်မှာ အချိန်အားဖြင့် မကြာမြင့်သေးသော်လည်း သူ၏ ပီပြင်သည့် သရုပ်ဆောင်ချက်များကြောင့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိရန် အများပြည်သူက ထင်ကြေးပေးခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။

အကယ်ဒမီ နေဝင်းသည် အကယ်ဒမီ ထွန်းထွန်း၊ အကယ် ဒမီ ရွှေထူး ၊ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်တို့၏ နောက်တွင် (၄) ယောက်မြောက်အဖြစ် အကယ်ဒမီ ရရှိခဲ့သည့် လူငယ်အဆိုတော် သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here