Wednesday, April 2, 2025

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင်...

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ...

မုတ်သုန် မဝင်ခင် မြန်မာကို ကူညီကြဖို့...

       သေဆုံးသူ ၃,၀၀၀ ကျော်လာမည်ဟု ခန့်မှန်းရသော ဆိုးရွားသည့် အခြေအနေများသည် မိုးရာသီဝင်ရောက်ချိန်တွင် ပိုမိုဆိုးရွားလာနိုင်သောကြောင့် ယင်းမတိုင်ခင် အကူအညီများ မြန်မြန်ဆန်ဆန်လုပ်ကြရန် မြန်မာငလျင်နှင့် ပတ်သက်၍...

လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ လျော့ကျလာပြီး ငလျင်လှုပ်ခတ်ခဲ့သည့် အထက်ဘက်...

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်း အထိ လျော့ကျလာသောကြောင့် အထက်ဘက်ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသများတွင် မိုးရွာနိုင်ချေ အလွန်နည်းပါးနိုင်မည်ဖြစ်ကြောင်း ပြင်ပ မိုးလေဝသပညာရှင်...

ယနေ့ ဧပြီလ (၂) ရက်...

ဓာတ်ပုံ - ပေါ်ပြူလာနယူးစ်
HomeNewsမြန်မာ့ရုပ်ရှင်သမိုင်းတွင်အကယ်ဒမီ (၇) ဆုရှင်မှာ...

မြန်မာ့ရုပ်ရှင်သမိုင်းတွင်အကယ်ဒမီ (၇) ဆုရှင်မှာ ညွန့်ဝင်းပြီးလျှင် ရန်​အောင်ဖြစ်လာ
“စောင်နီလေးတစ်ထည်” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုရခဲ့သည့်  အကယ်ဒမီများရှင် ရန်အောင်

၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို စောင်နီလေးတစ်ထည် ဇာတ်ကားဖြင့် အကယ်ဒမီ (၇) ဆုရှင် ဖြစ်လာသည့် အကယ်ဒမီများရှင် ရန်အောင်ကရရှိခဲ့သည်။

အကယ်ဒမီ ရန်အောင်ဆုရသည့်ထိုဇာတ်ကားသည် ဒါရိုက်တာ ‌တင်အောင်စိုး(ပန်းမြို့တော်) ကဖန်တီးပုံဖော်ထားပြီး ဝါရင့်သရုပ်ဆောင်များဖြစ်သည့် အကယ်ဒမီ စိုးမြတ်သူဇာ ၊ အကယ် ဒမီ စိုးမြတ်နန္ဒာ ၊ နက္ခတ် ၊ ကျော်ဇောဟိန်း ၊ L နေနော်၊ Lဆို င်းဇီနှင့် အနုပညာရှင်များပါဝင်သရုပ်​ဆောင်ထားသည့် တပ်မတော် ဂုဏ်ပြု ဇာတ်ကားတစ်ကား ဖြစ်သည်။

ထို့ပြင် အကောင်းဆုံး ဒါရိုက်တာဆုကိုလည်း စောင်နီလေးတစ်ထည် ဇာတ်ကားမှ တင်အောင်စိုး(ပန်းမြို့တော်)က ရရှိထားသည်။

အကယ်ဒမီ ရန်အောင်သည် ၁၉၉၁ ခုနှစ်၌ မယ်သီတာလိုမိန်းကလေး၊ ၁၉၉၅ခုနှစ်တွင် ပုဂံမှာသာတဲ့လ၊ ၁၉၉၆ ခုနှစ်တွင် အလင်းဖျော့ကောင်းကင်၊၁၉၉၈ ခုနှစ်တွင်ညမင်းသား၊၂၀၀၀ ပြည့်နှစ်တွင် မောဟမျဉ်းပြိုင်းများ၊၂၀၀၆ ခုနှစ်တွင် ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာတို့ ဖြင့် အကောင်းဆုံးအ မျိုးသားဇာတ်ဆောင်ဆုများရရှိခဲ့ခြင်းဖြစ်သည်။

ယနေ့အထိ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ဦးညွန့်ဝင်းနှင့် ရန်အောင်သာအကယ်ဒမီ (၇)ဆုအထိရရှိထားခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများနှင့် ဘိုးဘွားများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဘိုးဘွားရိပ်သာရှိသည့် နေရာသည် တိုက်ပွဲများဖြစ်ပွားရာ နေရာဖြစ်သည့်အတွက် အနီးပတ်ဝန်ကျင် ကျေးရွာများ၌ ရွာသူရွာသားများ တစ်ဦးတစ်ယောက်မျှ နေထိုင်တော့ခြင်း မရှိတော့ကြောင်း ပေါ် ပြူလာနယူးစ်၏ သတင်းထောက်မှ မျက်မြင်အတည်ပြုထားနိုင်သည့် အခြေအနေဖြစ်သည်။ " အလိုအပ်ဆုံးကတော့ စက်သုံးဆီပေါ့နော်။ ပြီးတော့ အဘိုးအဘွားတွေအတွက် ဆေးဝါးနဲ့ မုန့်ပဲသရေစာလည်းလိုအပ်တယ်။...

မုတ်သုန် မဝင်ခင် မြန်မာကို ကူညီကြဖို့ ကုလ တိုက်တွန်း

       သေဆုံးသူ ၃,၀၀၀ ကျော်လာမည်ဟု ခန့်မှန်းရသော ဆိုးရွားသည့် အခြေအနေများသည် မိုးရာသီဝင်ရောက်ချိန်တွင် ပိုမိုဆိုးရွားလာနိုင်သောကြောင့် ယင်းမတိုင်ခင် အကူအညီများ မြန်မြန်ဆန်ဆန်လုပ်ကြရန် မြန်မာငလျင်နှင့် ပတ်သက်၍ စစ်တမ်းကောက်ယူခဲ့သော ကုလသမဂ္ဂအရာရှိများက ကမ္ဘာ့အသိုက်အဝန်းကို အင်္ဂါနေ့တွင် တိုက်တွန်းလိုက်သည်။         အဆောက်အအုံများ၊ လမ်းများနှင့် တံတားများ ပျက်စီးခဲ့ပြီးနောက် သောက်ရေသန့်၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အစားအစာ၊ အမိုးအကာနှင့် ဆေးဝါးများသည် အရေးကြီးဆုံး လိုအပ်ချက်များဖြစ်ကြောင်း လူသာချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဌာနေ ညှိနှိုင်းရေးမှူး Marcoluigi Corsi က နှစ်ရက်ကြာ လေ့လာမှုခရီးစဉ်အပြီးတွင် ပြောကြားခဲ့သည်။          “အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေဆီ ရောက်ရှိနိုင်ဖို့...

လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ လျော့ကျလာပြီး ငလျင်လှုပ်ခတ်ခဲ့သည့် အထက်ဘက် ဒေသများတွင် မိုးရွာနိုင်ချေ အလွန်နည်းပါးနိုင်မည်ဟု ဦးဝင်းနိုင်သုံးသပ်

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်း အထိ လျော့ကျလာသောကြောင့် အထက်ဘက်ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသများတွင် မိုးရွာနိုင်ချေ အလွန်နည်းပါးနိုင်မည်ဖြစ်ကြောင်း ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီ (၂) ရက် နံနက်အစောပိုင်းက ခန့်မှန်းရေးသားချက်အရ သိရသည်။ ၎င်းက WINDY တွင် ECMWF, GFS နှင့် ICON model များက ဧပြီ (၄) ရက်တွင် အားပျော့သော လေဖိအားနည်းရပ်ဝန်းအဆင့် ဖြစ်လာနိုင်သည်ဟု ဖော်ပြထားကြောင်းနှင့် အမှန်တကယ်ဖြစ်လာနိုင်မည့် ဧပြီ (၄)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071