မြန်မာ့ရုပ်ရှင်သမိုင်းတွင်အကယ်ဒမီ (၇) ဆုရှင်မှာ ညွန့်ဝင်းပြီးလျှင် ရန်​အောင်ဖြစ်လာ
“စောင်နီလေးတစ်ထည်” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုရခဲ့သည့်  အကယ်ဒမီများရှင် ရန်အောင်

0
1293

၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို စောင်နီလေးတစ်ထည် ဇာတ်ကားဖြင့် အကယ်ဒမီ (၇) ဆုရှင် ဖြစ်လာသည့် အကယ်ဒမီများရှင် ရန်အောင်ကရရှိခဲ့သည်။

အကယ်ဒမီ ရန်အောင်ဆုရသည့်ထိုဇာတ်ကားသည် ဒါရိုက်တာ ‌တင်အောင်စိုး(ပန်းမြို့တော်) ကဖန်တီးပုံဖော်ထားပြီး ဝါရင့်သရုပ်ဆောင်များဖြစ်သည့် အကယ်ဒမီ စိုးမြတ်သူဇာ ၊ အကယ် ဒမီ စိုးမြတ်နန္ဒာ ၊ နက္ခတ် ၊ ကျော်ဇောဟိန်း ၊ L နေနော်၊ Lဆို င်းဇီနှင့် အနုပညာရှင်များပါဝင်သရုပ်​ဆောင်ထားသည့် တပ်မတော် ဂုဏ်ပြု ဇာတ်ကားတစ်ကား ဖြစ်သည်။

ထို့ပြင် အကောင်းဆုံး ဒါရိုက်တာဆုကိုလည်း စောင်နီလေးတစ်ထည် ဇာတ်ကားမှ တင်အောင်စိုး(ပန်းမြို့တော်)က ရရှိထားသည်။

အကယ်ဒမီ ရန်အောင်သည် ၁၉၉၁ ခုနှစ်၌ မယ်သီတာလိုမိန်းကလေး၊ ၁၉၉၅ခုနှစ်တွင် ပုဂံမှာသာတဲ့လ၊ ၁၉၉၆ ခုနှစ်တွင် အလင်းဖျော့ကောင်းကင်၊၁၉၉၈ ခုနှစ်တွင်ညမင်းသား၊၂၀၀၀ ပြည့်နှစ်တွင် မောဟမျဉ်းပြိုင်းများ၊၂၀၀၆ ခုနှစ်တွင် ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာတို့ ဖြင့် အကောင်းဆုံးအ မျိုးသားဇာတ်ဆောင်ဆုများရရှိခဲ့ခြင်းဖြစ်သည်။

ယနေ့အထိ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ဦးညွန့်ဝင်းနှင့် ရန်အောင်သာအကယ်ဒမီ (၇)ဆုအထိရရှိထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here