၂၀၂၃ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ကိုးဆုနှင့် ဖက်ရှင်ဆု လေးဆုအပါအဝင် အကယ်ဒမီရွှေစင်ရုပ်တု (၁၃)ဆုချီးမြှင့်ခဲ့

0
893

၂၀၂၃ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ကိုးဆုနှင့် ဖက်ရှင်ဆု လေးဆုအပါအဝင် အကယ်ဒမီရွှေစင်ရုပ်တု (၁၃) ဆုကို ယ နေ့တွင် ချီးမြှင့်ခဲ့သည်။

ယင်းတွင် ကံကောင်း ဇာတ်ကားဖြင့်၂၀၂၃ ခုနှစ် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို အကယ်ဒမီ ဒါရိုက်တာ ဝင်းလွင်ထက် မှလည်းကောင်း၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို အကယ်ဒမီ ကောင်းဆက်ပိုင်(ဂီတမြို့) မှလည်းကောင်း၊ အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆုကို “ခတ္တိယ” ရုပ်ရှင်ထု တ်လုပ်ရေးမှလည်းကောင်း ရရှိခဲ့သည်။

ထို့ပြင် ၂၀၂၃ ခုနှစ် အကောင်းဆုံး ဇာတ်ညွှန်းဆုကို ( ဆရာ မ )ဇာတ်ကားဖြင့် အကယ်ဒမီ ညိုမင်းလွင်၊ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို ( စောင်နီလေးတစ်ထည် )ဇာတ် ကားဖြင့် အကယ်ဒမီ တင်အောင်စိုး (ပန်းမြို့တော်)၊ အ ကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ( မုန်းခွင့် ) အကယ်ဒမီ မေမြင့်မိုရ်၊ အမျိုးသားဇာတ်ပို့ဆုကို( ရည်ရွယ်မိုး ) ဇာတ် ကားဖြင့် အကယ်ဒမီ နေဝင်း၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ( ဘယ်တော့မှအရှုံးမပေးဘူး ) ဇာတ်ကားဖြင့် အကယ်ဒမီ စိုးမြတ်သူဇာ၊ အမျိုးသား ဇာတ်ဆောင်ဆု ( စောင်နီလေး တစ်ထည် ) အကယ်ဒမီရန်အောင် မှ ရရှိခဲ့ကြသည်။

ယခုနှစ် အကယ်ဒမီဆုပေးပွဲ၌ ထူးခြားမှုတစ်ခုအနေဖြင့် အ ကောင်းဆုံးဝတ်စားဆင်ယင်မှုဆု Best Fashion Award ကို ထည့်သွင်းချီးမြှင့်ခဲ့ရာ အကြီးတန်းအမျိုးသား ဝတ်စားဆင်ယင်မှုဆုကို အကယ်ဒမီ ခန့်စည်သူ၊ အငယ်တန်းအမျိုး သားဝတ်စားဆင်ယင်မှုဆုကို ဟင်နရီစံ၊ အကြီးတန်းအမျိုး သမီး ဝတ်စားဆင်ယင်မှုဆုကို အကယ်ဒမီ ခင်သီတာထွန်းနှင့် အငယ်တန်း အမျိုးသမီးဝတ်စားဆင်ယင်မှုဆုကို အိချောပိုတို့မှရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရွေးချယ်ချီး မြှင့်ပွဲ အခမ်းအနားကို ယနေ့ ဖေဖေါ်ဝါရီ (၃) ရက် ညပိုင်းတွင် နေပြည်တော် MICC(1) တွင် ခမ်းနားထည်ဝါစွာ ကျင်း ပခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here