ပဲခူးတိုင်း အုတ်ဖိုမြို့နယ်၊ စိန်ချောင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

0
156

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရှားတောကွင်းကျေးရွာအုပ်စု၊ စိန်ချောင်းကျေးရွာတွင် ဖေဖော်ဝါရီ (၄)ရက် နံနက် အစောပိုင်း (၁)နာရီ (၅၀)မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ အုတ်ဖိုမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အေးမြသာယာနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ အုတ်ဖို အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ နံနက် (၂)နာရီ (၁၀)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ မီးလောင်မှု အကြောင်းရင်း ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့ အနေဖြင့် နိုင်ငံတဝန်း မီးလောင်/ မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေး မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို မီးသတ်ဦးစီးဌာနမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မပျက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်း နှစ်စဉ်ပျမ်းမျှ မီးလောင်မှု အကြိမ်ရေ ၁၈၀၀ ကျော်ခန့်ဖြစ်ပွားခဲ့ပြီး မီးလောင်ဆုံးရှုံးမှု ခန့်မှန်း တန်ဖိုးအနေဖြင့် ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော်ခန့်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here