အီရတ်နဲ့ ဆီးရီးယားမှာ အမေရိကန်ရဲ့ လက်တုန့်ပြန်တိုက်ခိုက်မှုအတွင်း လူ ၄၀ ခန့် ‌ေ-သဆုံးခဲ့

0
161

အမေရိကန် တပ်ဖွဲ့ဝင်တွေ ‌ေ-သဆုံးရမှုအတွက် အီရတ်နဲ့ ဆီးရီးယားရှိ အီရန်တော်လှန်ရေးအစောင့်တပ်၊ ယင်းရဲ့ ကျောထောက် နောက်ခံပြု ပြည်သူ့စစ်အဖွဲ့တွေနဲ့ ဆက်စပ်တဲ့ ပစ်မှတ် ၈၅ ခုကျော်ကို အမေရိကန်က လေကြောင်းကနေ လက်တုန့်ပြန်တိုက်ခိုက်ခဲ့ရာမှာ ‌ေ-သဆုံးသူ ၄၀ နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။

အီရန် ကျောထောက်နောက်ခံပြု ပြည်သူ့စစ်တွေအပေါ် သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့ရဲ့ ပထမဆုံး လက်တုန့်ပြန်တိုက်ခိုက်မှုမှာ တာဝေးပျံ B-1 ဗုံးကြဲလေယာဉ်တွေလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ လာမယ့်ရက်တွေအတွင်း အမေရိကန်စစ်တပ်ရဲ့ စစ်ဆင်တိုက်ခိုက်မှုတွေ ထပ်တွေ့လာရဖို့ ရှိနေပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာ ပြောရေးဆိုခွင့်ရှိသူ နက်ဆာ ကန်နာနီကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ နောက်ထပ် အန္တရာယ်ဖြစ်လာစေမယ့် စွန့်စားမှုကို ကိုယ်စားပြုပြီး မတည်မငြိမ်ဖြစ်နေတဲ့ ဒေသတွင်းမှာ တင်းမာမှုတွေ ထပ်တိုးလာမှုကိုသာဖြစ်စေမယ့် အမေရိကန်ပြည်ထောင်စုရဲ့ မဟာဗျူဟာမြောက် အမှားတစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အီရတ်ကလည်း အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အရပ်သားတွေအပါအဝင် လူ ၁၆ ဦး ‌ေ-သဆုံးခဲ့တယ်လို့ ပြောဆိုပါတယ်။ ဆီးရီယားမှာတော့ ‌ေ-သဆုံးသူ ၂၃ ဦး ရှိခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ ညွှန်ကြားရေးမှူး ရာမီ အဗ္ဗဒူလ်ရာမန်က ပြောဆိုပါတယ်။

ဗုံးကြဲမှုတွေဟာ ပြည်သူ့စစ်တွေရဲ့ လက်နက်စနစ်တွေကို ထိမှန်ခဲ့ပြီး ဆင့်ပွားပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ကြောင်းနဲ့ တိုက်ခိုက်မှု အောင်မြင်ခဲ့ပုံရကြောင်း ပူးတွဲစစ်ဦးစီးချုပ်အဖွဲ့ ညွှန်ကြားရေးမှူး အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး ဒေါက်စ်ဂလပ် ဆင်းစ်က ပြောဆိုခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေ လုပ်ခဲ့ပေမယ့် အမေရိကန်အနေနဲ့ အီရန်နဲ့ စစ်ပြုလိုခြင်း မရှိသလို တီဟီရန်ကလည်း စစ်လိုလားမယ်လို့ မယုံကြည်ကြောင်း ပင်တဂွန်က ပြောဆိုပါတယ်။ ရီပတ်ဘလီကန်တွေကတော့ အီရန်ကို တိုက်ရိုက်ထိုးနှက်မှုဖြစ်စေမယ့် တိုက်ခိုက်မှုလုပ်ဖို့ ဘိုင်ဒင်ကို ဖိအားတိုးမြှင့်ပေးနေခဲ့ကြောင်း သိရပါတယ်။

Ref: CNBC


LEAVE A REPLY

Please enter your comment!
Please enter your name here