ပြည်သူ့ရင်ပြင်တွင် သင်္ကြန်‌အမီ ရေလှောင်ကန်တည်ဆောက်မည်

0
257

ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်အတွင်း၌ သင်္ကြန်ပွဲတော်အမီရေလှောင်ကန် တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ‌ရေးကော်မတီ သိရသည်။

ယင်းကဲ့သို့ တည်ဆောက်သွားမည့် ရေဂါလန် (၂) သိန်းဆံ့ မြေအောက် ရေလှောင်ကန်မှာ အလျား (၈၀) ပေ၊ အနံ (၄၀) ပေ၊ အနက် (၁၁) ပေရှိပြီး ရေတွန်းစက်ရုံမှာ အလျား (၄၀) ပေ၊ အနံ (၁၈) ပေရှိပြီး 30 HP (22kW) စက် (၄) လုံး ပါရှိမည်ဖြစ်ကြောင်း သိရသည်။

ရေလှောင်ကန်အတွင်းသို့ မြေအောက်ရေရယူ၍ ဖြည့်သွင်းသိုလှောင်မည်ဖြစ်ပြီး မကြာမီကျ‌ရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်‌ ရေသဘင်ပွဲတော်အတွက်ပါ အသုံးပြုနိုင်ရေးအပါအဝင် အများပြည်သူ ပွဲလမ်းသဘင် အခမ်းအနားများတွင် အသုံးပြုခြင်းနှင့် အရန်ရေအတွက်ပါ စုဆောင်းထားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ရေဂါလန် (၂) သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံအတွက် အောက်ခံကြမ်းခင်းကွန်ကရိလောင်းနေမှုအား ရန်ကုန်မြို့တော်စည်ပင်သာယာ‌ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများကသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ သွားရောက်ကြည့်ရှုစဉ် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ကြံ့ခိုင်ကောင်းမွန်စေရေးနှင့် လုပ်ငန်းများအချိန်နှင့်တပြေးညီ ပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here