ချီလီမှာ လူနေထူထပ်တဲ့ ဧရိယာတွေအတွင်း တောမီးကူးစက်လောင်ကျွမ်းခဲ့မှုကြောင့် လူ ၄၆ ဦးထက်မနည်း ‌ေ-သဆုံး

0
245
Aerial view of the forest fire that affects the hills of the city of Viña del Mar in the Las Pataguas sector, Chile, taken on February 3, 2024. - The region of Valparaoso and Viña del Mar, in central Chile, woke up on Saturday with a partial curfew to allow the movement of evacuees and the transfer of emergency equipment in the midst of a series of unprecedented fires, authorities reported. (Photo by Javier TORRES / AFP)

ချီလီနိုင်ငံ အလယ်ပိုင်းရှိ လူနေထူထပ်တဲ့ ဧရိယာတွေတစ်ဝိုက် ပြင်းထန်တဲ့ တောမီးလောင်ကျွမ်းမှုတွေကြောင့် လူ ၄၆ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကာ နေအိမ်ပေါင်း ၁၁၀၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ချီလီသမ္မတနဲ့ အစိုးရ တာဝန်ရှိသူတွေက စနေနေ့ညပိုင်းမှာ ပြောဆိုပါတယ်။

Valparaiso ဒေသမှာ ကြီးမားတဲ့ မီးလောင်ပြင်လေးခုခန့်ရှိနေပြီး အန္တရာယ်အရမ်းများတဲ့ ရပ်ကွက်နေရာတွေကို မီးသတ်သမားတွေ ရောက်ရှိနိုင်ဖို့ခက်ခဲနေတာကြောင့် ‌ေ-သဆုံးသူဦးရေ ဆိုးဆိုးဝါးဝါး တိုးလာနိုင်ခြေရှိနေတယ်လို့ သမ္မတ ဂါဘရီရယ် ဘောရစ္စက ရုပ်သံမိန့်ခွန်းမှာ သတိပေးပြောဆိုခဲ့ပါတယ်။ ချီလီနိုင်ငံသားတွေအနေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်း ဘောရစ္စ က တိုက်တွန်းခဲ့ပါတယ်။

“ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းရင် လုပ်ဖို့ တွန့်ဆုတ်မနေပါနဲ့၊ မီးက အရှိန်မြန်မြန်နဲ့ လောင်ကျွမ်းနေတာဖြစ်ပြီး ရာသီဥတု အခြေအနေကြောင့်လည်း ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေပါတယ်။ အပူချိန်မြင့်၊ လေပြင်းတွေ တိုက်နေပြီး စိုထိုင်းမှု နိမ့်ကျနေတာဖြစ်ပါတယ်” လို့ သူက ဆိုခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီး ကာရိုလီနာ တိုဟာကလည်း နိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ တောမီးလောင်ကျွမ်းနေတဲ့နေရာ ၉၂ ခုအထိရှိနေပြီး ယခုသီတင်းပတ်အတွင်းမှာ အပူချိန်က မကြုံစဖူး မြင့်တက်နေတယ်လို့ စနေနေ့ အစောပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

မီးလောင်မှုတွေကြောင့် ‌ေ-သဆုံးမှုအများစုဖြစ်ခဲ့တာဟာ Valparaiso ဒေသမှာဖြစ်ပြီး အာဏာပိုင်တွေက ထောင်နဲ့ချီတဲ့လူတွေကို နေအိမ်ကနေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။

Ref: AP


LEAVE A REPLY

Please enter your comment!
Please enter your name here