လာမည့်အပတ်တွင် တစ်ဧကလျှင် (၄)သိန်းနှုန်းဖြင့် တောင်သူများကို ချေးငွေထုတ်ပေးမည်

0
135

လယ်ယာမြေ (၁ဝ) ဧက အထက် ပိုင်ဆိုင်သည့် တောင်သူများအား ထုတ်ချေးမည့် ချေးငွေကို ဖေဖော်ဝါရီ ဒုတိယအပတ်တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)မှ သိရသည်။

” တောင်သူတွေအတွက် နွေစပါးချေးငွေကို လာမယ့်အပတ်ထဲမှာ ထုတ်ပေးသွားမှာပါ။ ဖေဖော်ဝါရီ (၁၅) မတိုင်ခင်ထုတ်ပေးသွားမှာပါ”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

အဆိုပါ တောင်သူကြီးများ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတတ်ရန် ကာလတိုချေးငွေအဖြစ် တစ်ဧကလျှင် ငွေကျပ်(၄)သိန်း ထုတ်ချေးပေးနိုင်ရေးကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့် လိုင်စင်ရပုဂ္ဂလိကဘဏ်များ ညှိနှိုင်းပေါင်းစပ် စီစဉ်ခြင်းဖြစ်သည်။

MRF အနေဖြင့် ပုဂ္ဂလိက ဘဏ်များနှင့် ချိတ်ဆက်ကာ ကာလတိုချေးငွေကို ဧက စုစုပေါင်း (၁)သိန်းအထိ ထုတ်ချေးသွားမည်ဖြစ်ပြီး ချေးငွေထုတ်ချေးရန်လျှောက်လွှာတင်သွင်းမှုကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂ဝ) ရက်မှစတင်၍ ခွင့်ပြုခဲ့ကြောင်း သိရသည်။

ချေးငွေများကို နေပြည်တော် အပါအဝင် ပဲခူး၊ ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတို့ရှိ တောင်သူ လယ်သမားကြီးများအား ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here