နိုင်ငံရေးဘက် ခြေဦးလှည့်တော့မယ့် တမီလ် နာမည်ကျော် သရုပ်ဆောင် ဗီဂျေး

0
211

Tamilaga Vetri Kazhagam(တမီလ်အောင်ပွဲပါတီ) လို့ အမည်တွင်မယ့် ပါတီသစ်တစ်ခုကို ထူထောင်လိုက်ကြောင်း တမီလ်နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ဗီဂျေးက ဖေဖော်ဝါရီ ၂ ရက်မှာ ကြေညာသွားခဲ့ခြင်းဖြင့် သူ့အနေနဲ့ တမီလ်နာဒူး နိုင်ငံရေးလောကထဲ ဝင်ရောက်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီဆိုတာ အတည်ပြုသွားခဲ့ပါတယ်။

အားလုံးသိရှိတဲ့အတိုင်းပဲ လက်ရှိနိုင်ငံရေး ရာသီဥတုက တစ်ဖက်မှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားမှုနဲ့
မသမာမှုတွေ ရှိနေပြီး အခြားတစ်ဖက်မှာတော့ လူတွေကို ဇာတ်နဲ့ ဘာသာရေးအပေါ် အခြေခံပြီး ခွဲခြားဖို့ကြိုးပမ်းတဲ့ ကွဲပြားသော နိုင်ငံရေးရှိနေတယ်လို့ ထုတ်ပြန်ချက်တစ်ခုမှာ သူက ပြောဆိုခဲ့ပါတယ်။

သူ့ပါတီအနေနဲ့ ၂၀၂၄ ရွေးကောက်ပွဲမှာတော့ ဝင်ရောက်ယှဉ်ပြိုင်ဦးမှာ မဟုတ်သေးပဲ ၂၀၁၆ ခုနှစ် တမီနာဒူးလ်ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲမှသာ စတင်ပါဝင်သွားမှာဖြစ်တယ်လို့ “Thalapathy” (တပ်မှူးဗီဂျေး) လို့ လူသိများတဲ့ ဂျိုးဇက်ဗီဂျေးက ပြောဆိုပါတယ်။

အသက် ၄၉ နှစ်အရွယ် ဗီဂျေးဟာ တမီနာဒူးလ် ရုပ်ရှင်လောက ကနေ နိုင်ငံရေးလောကထဲ ထပ်မံဝင်ရောက်လာတဲ့ နောက်ဆုံးသောပုဂ္ဂိုလ်ဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်းပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဟောင်းနှစ်ဦးဖြစ်တဲ့ MG Ramachandran နဲ့ J Jayalalithaa တို့ဟာလည်း သရုပ်ဆောင်တွေဖြစ်ကြသလို ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ M Karunanidhi ဟာလည်း ဇာတ်ညွှန်းရေးဆရာတစ်ဦးဖြစ်ပါတယ်။

အတိုကောက် MGR လို့ လူသိများတဲ့ MG Ramachandran ဟာ AIADMK ပါတီကို တည်ထောင်ခဲ့သူဖြစ်သလို Jayalalithaa ကတော့ အကြီးတန်း ပါတီဝင်တစ်ဦးဖြစ်ပါတယ်။ ထို့အတူပဲ Karunanidhi က ပြည်နယ်ရဲ့ လက်ရှိအာဏာရပါတိ DMK ရဲ့ အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

AIADMK နဲ့ DMK တို့ဟာ တမီနာဒူးလ်ပြည်နယ်ရဲ့ အဓိကပါတီနှစ်ခုဖြစ်ကြောင်း သိရပါတယ်။

Ref: HD, The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here