BPI အမှတ်တံဆိပ်ဆေးဝါးများကို တစ်နှစ်လျှင် ပျမ်းမျှကျပ် (၄၀) ဘီလီယံခန့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေဟုဆို

0
169

စက်မှုဝန်ကြီးဌာနအနေဖြင့် BPI အမှတ်တံဆိပ်ဆေးဝါးများကို တစ်နှစ်လျှင် ပျမ်းမျှကျပ် (၄၀) ဘီလီယံခန့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးနေကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ အမှာစာဖြင့် ဝယ်ယူထားသည့် ဆေးဝါးများ၊ ဆေးရုံသုံး ပရိဘောဂပစ္စည်းများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ဖေဖေါ်ဝါရီ (၃) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီး ဌာနများ၏ အမှာစာများကို အပြည့်အဝထုတ်ပေးနိုင်ရေးအတွက် လိုအပ်သော ဘဏ္ဍာရန်ပုံငွေများကို ကြိုတင်လျာထားတင်ပြတောင်းခံပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းအတွက် လိုအပ်သော ကုန်ကြမ်းများကိုလည်း ထုတ်ပြန်ပြဋ္ဌာန်းထားသည့် တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

စက်မှုဝန်ကြီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ထုတ်လုပ်ရောင်းချပေးနိုင်မည့် ဆေးဝါးများစာရင်းကိုလည်း ယခုလအတွင်းပေးပို့သွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ လိုအပ်ချက်အရ ထုတ်လုပ်ပေးစေလိုသည့် ဆေးဝါးများရှိပါကလည်း ထုတ်လုပ်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးကဆက်လက်ပြောကြားခဲ့သည်။

ယခုဘဏ္ဍာနှစ်တွင် ဌာနကြီးများမှ အမှာစာစုစုပေါင်း တန်ဖိုးကျပ် ၈၁ ဒသမ ၄၁၈ ဘီလီယံ ရရှိထားပြီး ၂၀၂၄ ခုနှစ်ဇန်နဝါရီလအထိ ကျပ် ၄၁ ဒသမ ၉၅ ဘီလီယံ ထုတ်လုပ်ရောင်းချပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here