မလေး၌ UNHCR ကဒ်အတုကိုင်ထားသည့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရ

0
227

ကွာလာလမ်ပူ၊ဖေဖော်ဝါရီ ၄

မလေးရှားနိုင်ငံ၊ဂျာတီမြို့၌ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကဒ်အတုအား ကိုင်ဆောင်ထားသည့် မြန်မာအမျိုးသားတစ်ဦးအား ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တာရန်ဂနူလူဝင်မှုကြီးကြပ်ရေးဌာနကဖမ်းဆီးခဲ့ကြောင်းသိရသည်။

အဆိုပါအမျိုးသားသည် အသက်နှစ်ဆယ်ကျော်အရွယ်သာရှိသေးပြီး မလေးအာဏာပိုင်များပူးပေါင်းပြုလုပ်သည့် စစ်ဆင်ရေးအတွင်းဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကာ ဖမ်းဆီးခံရသူ ၁၅၄ ဦးအနက် စုစုပေါင်း ၂၄ ဦးအား လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေးဥပဒေများနှင့်အရေးယူခဲ့သည်ဟုဆိုသည်။

အဆိုပါမြန်မာနိုင်ငံသားအမျိုးသားသည် ၎င်းအနေဖြင့် ပြီးခဲ့သည့်နှစ်က တာရန်ဂနူသို့ခရီးမသွားခင် ဂျိုုဟိုးရှိ ဘာရူတွင် သူငယ်ချင်းတစ်ဦးထံမှ အဆိုပါကဒ်အား ရင်းဂစ် ၁၅၀ ဖြင့်ဝယ်ယူရရှိခဲ့ခြင်းဖြစ်ပြီး ကဒ်သည် အတုဖြစ်နေကြောင်းကို ၎င်းမသိခဲ့ဟု ပြန်လည်ဖြေကြားခဲ့သည်။

တာဝန်ရှိသူများ၏ စစ်ဆေးချက်၌မူ အဆိုပါကဒ်သည် အတုဖြစ်ပြီး ပိုင်ရှင်အစစ်မှာ အမျိုးသမီးတစ်ဦးဖြစ်သည်ဟုလည်းသိရသည်။ ဖမ်းဆီးခံရသူအမျိုးသားအား နောက်ထပ်စစ်ဆေးမှုများထပ်မံပြုလုပ်ရန်အတွက် ပူထရာဂျာရာရှိ လူဝင်မှုကြီးကြပ်ရေးရုံးချုုပ်သို့ ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သတင်းများတွင်ဖော်ပြထားသည်။

Source : နူးစ်စထရိတ်ထ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here