(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ နွားသိုးမျိုးအလှ၊ နို့စားနွား၊ အသားတိုးနွားနှင့် ဆိတ်မျိုးအလှပြပွဲ ပြိုင်ပွဲကျင်းပ

0
215

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကျင်းပသော တတိယအကြိမ် မြန်မာ့နွားသိုးမျိုးအလှ၊ နို့စားနွား၊ အသားတိုးနွားနှင့်ဆိတ်မျိုးအလှပြပွဲ၊ ပြိုင်ပွဲကို မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် ဝက်မွေးမြူရေးခြံရှေ့ ကွင်းပြင်တွင် ဖေဖေါ်ဝါရီ (၃) ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ‌မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အရည်အသွေးမြင့်ပြီး ထုတ်လုပ်မှုကောင်းမွန်သော မျိုးကောင်းမျိုးသန့်များဖြစ်သည့် ဒေသနွား၊ နို့စားနွားနှင့် ဆိတ်မျိုးများအား မွေးမြူရေးသမားများ အချင်းချင်းအ ပြန်အလှန်ဆက်သွယ်မှုကွန်ရက် ကျယ်ပြန့်လာစေခြင်းကြောင့် မွေးမြူရေးနည်းပညာများ ဖလှယ်နိုင်ပြီး စနစ်တကျ မွေးမြူထားမှု၏ အကျိုးကျေးဇူးကို ခံစားရရှိစေနိုင်ကာ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မွေးမြူရေးလုပ်ငန်းများမှ အသား၊ ဥနှင့်နို့များ ရရှိနိုင်ရေးအတွက် အဓိကရည်ရွယ်၍ မြန်မာ့နွားသိုးမျိုးအလှ၊ နို့စားနွား၊သိုးနှင့် ဆိတ်မျိုးအလှပြ ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အရည်အသွေးမြင့်ပြီး ထုတ်လုပ်မှုကောင်းမွန်သော တိရစ္ဆာန်များကို မွေးမြူကြစေလိုကြောင်း၊ မွေးမြူရေး တတ်ကျွမ်းနားလည်သည့် ပညာရှင်များ၏ လမ်းညွှန်မှုနှင့် ရောဂါကင်းပြီး ထုတ်လုပ်မှုကောင်းအောင် ကြိုးစားလုပ်ဆောင်စေလိုကြောင်းလည်း ပြောကြားခဲ့သည်။

ပြည်တွင်း၌ ထုတ်လုပ်မှု အားကောင်းပါက သန့်ရှင်းပြီး အဟာရပြည့်ဝသည့် အသား၊ နို့နှင့် ဥ တို့ကို ဈေးနှုန်း ချိုသာစွာဖြင့် ပေါပေါများများ ဝယ်ယူရရှိမည် ဖြစ်သည့်အတွက် မွေးမြူသူများလည်း ဝင်ငွေပိုမိုရရှိလာကာ လူမှုစီးပွားဘဝ မြင့်မားလာမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို မြို့နယ် (၁၅) မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအမျိုးအစား (၇)မျိုးဖြစ်ကာ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုအပြင် နှစ်သိမ့်ဆုများကိုပါပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here