ချင်းမိုင်ရှိ အပန်းဖြေစခန်းတစ်ခုမှာ လသာဆောင်ပြိုကျလို့ လူ ၁၂ ဦး ဒဏ်ရာရ

0
173

ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ်က အပန်းဖြေစခန်းတစ်ခုမှာ ဖေဖော်ဝါရီ ၄ ရက်နေ့က ဧည့်သည် ၄၀ လောက်တက်ရောက်ခဲ့တဲ့ နှစ်ထပ်တိုက်တစ်လုံးရဲ့ လသာဆောင်ဟာ အလေးချိန်ဒဏ်ခံနိုင်ရည် မရှိဘဲ ပြိုကျမှုဖြစ်ခဲ့တာကြောင့် လူ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ဘန်ချန်ခန်လန်ကျေးရွာရှိ အပန်းဖြေစခန်းမှာ မနက် ၇ နာရီခွဲလောက်က ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့တာလို့ ဟန်ဒေါင်ခရိုင် အုပ်ချုပ်ရေးမှူး ချာလစ် သစ်ခမ်က ပြောဆိုပါတယ်။ ဒဏ်ရာရခဲ့သူတွေဟာ ချင်းမိုင်ပြည်နယ် San Khampaeng ခရိုင် ဆေးရုံတစ်ခုမှ ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

အားလုံး အမျိုးသမီးတွေချည်းပဲဖြစ်တဲ့ စေတနာဝန်ထမ်း ၄၅ ဦးဟာ အပန်းဖြေစခန်းမှာ အနားယူဖို့ရောက်ရှိနေတာဖြစ်ပြီး လသာဆောင်မှာ စုဝေးဓါတ်ပုံရိုက်ကြစဉ် ပြိုကျသွားခဲ့တာဖြစ်တယ်လို့ မစ္စတာ ချာလစ်က ပြောဆိုပါတယ်။

ဒဏ်ရာရခဲ့သူတွေထဲက နှစ်ဦးဟာ ဒဏ်ရာပြင်းထန်ပြီး တစ်ဦးက ယာဘက် ခြေထောက်ကျိုးခဲ့ကာ နောက်တစ်ယောက်က ဦးခေါင်းဒဏ်ရာရရှိခဲ့တာဖြစ်ပြီး နှစ်ဦးစလုံးကို ဆေးရုံတင်ထားတယ်လို့ ဆိုပါတယ်။ ကျန် ၁၀ ဦးကတော့ အသေးစားဒဏ်ရာတွေသာ ရခဲ့ပြီး ဆေးရုံမှာ စစ်ဆေးကုသခံယူပြီးနောက် ဆေးရုံက ဆင်းသွားပြီလို့ သိရပါတယ်။

အပန်းဖြေစခန်းရှိ ယင်းအဆောက်အအုံဟာ အတည်ပြုထားတဲ့ အသေးစိတ်ပုံစံနဲ့အညီ တရားဝင်တည်ဆောက်ထားတာဖြစ်ပေမယ့် နောက်ပိုင်းမှာ လသာဆောင်ကို ခွင့်ပြုချက်မရှိဘဲ ထပ်မံထည့်သွင်း ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here