ပုသိမ်ထီး အကြမ်းပြုလုပ်ခြင်းနှင့် ပုသိမ်ထီး ဆေးခြယ်ရေးသင်တန်းတို့ကို လာမည့်ဘဏ္ဍာနှစ်တွင် ဖွင့်လှစ်မည်

0
220

လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် သက်ဆိုင်ရာဌာနများ၊ MSME လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များ ပူးပေါင်း၍  ပုသိမ်ထီး အကြမ်းပြုလုပ်ခြင်းနှင့် ပုသိမ်ထီး ဆေးခြယ်ရေးသင်တန်းတို့ကိုဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်ကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းသို့ ဖေဖေါ်ဝါရီ (၃) ရက်က သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ပိုမိုဖြစ် ထွန်းသောဒေသဖြစ်၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ် သားများ မွေးထုတ်ပေးနိုင်ရန် MSME သင်တန်းများဖြစ်သ ည့် လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနည်းနှင့် ပြုပြင်နည်းသင်တန်း၊ လယ်ယာသုံးဓာတ်မြေဩဇာကို ဒေသထွက် ကုန်ကြမ်းများနှင့် အချိုးအစားမှန် ကန်စွာ ပြုလုပ်နည်းနှင့် စနစ်တကျအသုံးပြုနည်းသင်တန်းအစရှိတဲ့ သင်တန်းများကိုလည်း  ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင်ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကျောင်းအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ ရေးနှစ် (၆)လတွင် လျှပ်စစ်နှင့် ဂဟေ သင်တန်းတွင် သင်တန်းသား (၈၀) ဦး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်နှင့် လေအေးပေးစက်တပ်ဆင် ပြုပြင်သင်တန်းတို့တွင် သင်တန်းသား (၁၀၀) ဦးမွေးထုတ်ခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်နှင့် လေအေးပေးစက်တပ်ဆင်ပြုပြင်သင်တန်းတို့တွင် သင်တန်းသား (၁၀၀) ဦးသင်တန်းပို့ချခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ခြင်းအနေဖြင့် လျှပ်စစ်အလုပ်အကိုင်ကျွမ်းကျင်မှု အဆင့် (၁)နှင့် (၂)၊ အုတ်စီ အလုပ်အကိုင်နှင့် လ က်သမား အလုပ်အကိုင်တို့အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများတည်ထောင်ကာ စစ်ဆေးအကဲဖြတ်ခြင်း ဆောင်ရွက်ခဲ့ရာ လျှပ်စစ်အလုပ်အကိုင် ကျွမ်းကျင်မှုအဆင့်(၁)အတွက် (၂၀၃) ဦး၊ အဆင့် (၂) အတွက် (၆၃) ဦး၊ လက်သမား ကျွမ်းကျင်မှု အဆင့်(၁)အတွက် (၂၁) ဦး၊ အုတ်စီကျွမ်းကျင်မှုအဆင့် (၁) အတွက် (၂၃) ဦး စစ်ဆေးနိုင်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here