အင်ဒိုနီးရှားဖူဆယ်အသင်းများနှင့် ခြေစမ်းပွဲကစားရန် မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းထွက်ခွာ

0
123

ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အင်ဒိုနီးရှားဖူဆယ်အသင်းများနှင့် ခြေစမ်းပွဲကစားရန် ထွက်ခွာသွားပြီဖြစ်ကြောင်းသိရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည်  AFC Futsal Asian Cup 2024 ပြိုင်ပွဲ အတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီ (၅) ရက် နံနက်ပိုင်းက အင်ဒိုနီးရှား နိုင်ငံ Surabara  မြို့သို့ လေ့ကျင့်ရေး ခြေ စမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ထွက်ခွာသွားခြင်းဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည်  ဖေဖော်ဝါရီ (၇) ရက်နှင့် (၉) ရက် တို့တွင် အင်ဒိုနီးရှား ဖူဆယ်လိဂ် ချန်ပီယံ Bintang Timur Futsal Club အသင်းနှင့်၊ ဖေဖော်ဝါရီ (၁၀) ရက်တွင် Regional East Java Team နှင့်ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်းသိရသည်။

အင်ဒိုနီးရှား နိုင်ငံသို့ သွားရောက်သော ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းတွင် အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် (၈) ဦးနှင့် ကစားသမား (၁၉) ဦးတို့ ပါဝင်သွားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here