ဆီဆိုင်မြို့မှ စစ်​ရှောင်ဒေသခံများ မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်ခြင်းမပြုရန် အသိပေးနှိုးဆော်

0
103

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် ယနေ့အချိန်အထိ နှစ်ဖက်စစ်ရေးတင်းမာမှုများကြောင့် တိုက်ပွဲများပြင်းထန်လျှက်ရှိရာ ဒေသခံများအနေဖြင့် မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်ခြင်းများမပြုလုပ်ကြရန် စစ်ရှောင်အရေးဆောင်ရွက်နေသူများက ယနေ့တွင် သတိပေးနှိုးဆော်ထားသည်။

ဒေသခံများအနေဖြင့် တိုက်ပွဲငြိမ်သက် နေပြီအထင်ဖြင့် အရဲစွန့်ကာ နေအိမ်ပြန်ကြည့်ခြင်း၊ ပစ္စည်းပြန်သယ်ယူခြင်း၊ မြို့တွင်းပြန်ဝင်ခြင်းများ ပြုလုပ်ကြသည်ကို တွေ့ရှိရသဖြင့် မလိုလားအပ်သော ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဆိုသည်။

ထို့ကြောင့် တိုက်ပွဲများနှင့် ကင်းဝေးသည့် နေရာများတွင် ယာယီခိုလှုံနေထိုင်ကြရန် ဒေသတွင်း စစ်ဘေးရှောင်အရေးဆောင်ရွက်သူများက တိုက်တွန်းနှိုး‌ဆော်ထားသည်။

“နီးစပ်ရာ စစ်ရှောင်ပြည်သူတွေကိုတော့ နှိုးဆော်ထားတာတွေ လုပ်တာရှိပါတယ်။ ‌နှစ်ဘက်ပစ်ခတ်နေတာတွေ လေကြောင်း ပစ်ကူပေးနေတာတွေက ရှိနေသေတယ်။ ‌စစ်ရှောင်တွေက တစ်နေရာတည်းမဟုတ်ဘူး။ ပျံ့ကျဲနေတော့ လက်လှမ်းမှီရာ လိုက်သတိပေးရပါတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဆီဆိုင်မြို့ တိုက်ပွဲကြောင့် ဒေသတွင်း မြို့ခံများအပါအဝင် ကရင်နီ (ကယား ပြည်နယ်)ဘက်မှ စစ်ဘေးရှောင်ပြည်သူသိန်းနှင့်ချီ၍ နီးစပ်ရာဒေသများသို့ စစ်ရှောင်လျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သော ဇန်နဝါရီ (၂၄)ရက်က တပ်မတော်နှင့် PNLA လက်နက်ကိုင် အဖွဲ့တို့အကြား စစ်ရေးတင်းမာခဲ့ရာမှတဆင့် ယနေ့အချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းလ ည်းဖြစ်သည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here