စားအုန်းဆီ ရည်ညွှန်းဈေး အနည်းငယ် ပြန်လည်ကျဆင်းလာ

0
186

ယခုတစ်ပါတ်အတွက် အစိုးရက သတ်မှတ်ပေးသည့် စားအုန်းဆီရည်ညွှန်းဈေးမှာ ၁၀၀ ကျပ် ကျော်ကျဆင်းလာကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စားအုန်းဆီ ရည်ညွှန်းဈေးမှာ ပြီးခဲ့သည့် (၃) ပတ် ဆက်တိုက် မြင့်တက်နေခဲ့ရာမှ ယခုတစ်ပါတ်တွင် ပြန်လည်ကျဆင်းလာခြင်းလည်း ဖြစ်သည်။

ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၅၂၇၅ ကျပ်သတ်မှတ် ပေးထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် တစ်ပါတ်က စားအုန်းဆီရည် ညွှန်းဈေးမှာ တစ်ပိဿာ  ၅၃၈၀ ကျပ်ဖြစ်ပြီး ၁၀၅ ကျပ်ကျဆင်းလာခြင်းဖြစ်သည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်မှဖေဖော်ဝါရီ (၁၂)ရက် အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ကို တစ်ပိဿာ ၅၂၇၅ ကျပ်သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး ပြင်ပဈေးကွက်တွင်လည်း တစ်ပိဿာ ၈၀၀၀ ကျပ်အထိ အန ည်းငယ်ကျဆင်းလာကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမ ည်ဖြစ်ကြောင်းလည်း အစိုးရက အသိပေးထားသည်။

မြန်မာနိုင်ငံတွင် စားအုန်းဆီသုံးစွဲမှုပမာဏသည် တန်ချိန် ၁၀ သိန်းကျော်ရှိပြီး တန်ချိန် ၇ သိန်းခန့်ကို အင်ဒိုနီးရှားနှင့် မလေးရှားမှ တင်သွင်းနေရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here