မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံ ပူးပေါင်းပြီး အွန်လိုင်းလိမ် လည်မှု ဂိုဏ်းများနှင့် မူးယစ်ဆေးဝါးကုန်သွယ်မှု ပြဿနာများကို ထိရောက်စွာ နှိမ်နင်းနိုင်ရန် ညှိနှိုင်းနေ 

0
162

အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများနှင့် မူးယစ်ဆေးဝါးကုန်သွယ်မှု ပြဿနာများကို မြန်မာ – တရုတ် – ထိုင်း သုံးနိုင်ငံ ပူးပေါင်းပြီး နှိမ်နင်းရှင်းလင်းမှုများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းလျက်ရှိကြောင်း (၂၄) ကြိမ်မြောက် အာဆီယံ – အီးယူ ဝန်ကြီးအဆင့် အစည်းအဝေးတွင် မြန်မာသံ ရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်က ပြော သည်။

ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ SQUARE Brussels Meeting Centre ၌ ဖေဖော်ဝါရီ (၂)ရက်က ကျင်းပခဲ့သော (၂၄) ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးအဆင့် အစည်း အဝေး (24th ASEAN-EU Ministerial Meeting) သို့ မြန် မာနိုင်ငံ ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် တက်ရောက်စဉ်  သံအမတ်ကြီး ဦးစိုးလင်းဟန်က  ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများတွင် အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများနှင့် မူးယစ်ဆေးဝါးကုန်သွယ်မှု ပြဿနာများလည်း ပါဝင်သဖြင့် မြန်မာ – တရုတ် – ထိုင်း သုံးနိုင်ငံ ပူးပေါင်းပြီး နှိမ်နင်းရှင်းလင်းမှုများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းမှုပြုလျက်ရှိပါကြောင်း ၎င်းကဆိုသည်။

ထို့အပြင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို နိုင်ငံရေးအရ ဆွေးနွေးပြီး လွှတ် တော်တွင် အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက်လည်း ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံအစိုးရကိုယ်စားသံအမတ်ကြီးက ပြောကြားခဲ့သည်။

ထို့အပြင် အီးယူ၏ ကုန်သွယ်မှု ဆိုင်ရာ အထူးအခွန်ကင်းလွတ်မှု အကျိုးခံစားခွင့် အစီအစဉ် (GSP/ EBA) ရရှိမှုအတွက် ကျေးဇူးတင်ကြောင်းနှင့် GSP/ EBA အစီအစဉ်အရ ဆောင်ရွက်ပေးရမည့်  due diligence နှင့်အညီ မြန်မာနိုင်ငံရှိ အ လုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေး များကို သိရှိနားလည်ပြီး တည်ဆဲဥပဒေများအရ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

ထို့အပြင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Parnpree Bahiddha- Nukara ကလည်း မြန် မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးအပ်ခြင်းသည် မြန်မာနိုင်ငံ၏ အခြေအနေကို မြှင့်တင်နိုင်လိမ့်မည်ဟု ထိုင်းနိုင်ငံအနေဖြင့် ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံ ပြည်တွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းတို့တွင်လည်း အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုများ ပြုနိုင်ရန်အတွက် အီးယူအနေဖြင့် ပံ့ပိုးကူညီသွားစေလိုကြောင်း  မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။

အစည်းအဝေးသို့ အာဆီယံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ် Dr.Kao Kim Hourn နှင့် ဥရောပသမဂ္ဂ၏ နိုင်ငံခြား ရေးနှင့် လုံခြုံရေးမူဝါဒ အကြီးအကဲ/ ဥရောပကော်မရှင် ဒုတိယ ဥက္ကဋ္ဌ (EU High Representative for Foreign Affairs and Security Policy/ Vice-President of the European Commission-HR/VP) Mr. Josep Borrell တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here