နမ့်ဆမ်တွင် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်း အကြွင်းအကျန် ယူဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ် (၃) ဦး  ‌ေ-သဆုံး

0
98

မပေါက်ကွဲသေးသည့် စစ်လက်နက် ပစ္စည်းအကြွင်းအကျန်ယူဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေးငယ် (၃) ဦး ‌ေ-သဆုံးခဲ့ရကြောင်း တအာင်းအမျိုး သမီးအဖွဲ့၏ အသိ ပေးထုတ်ပြန်ချက် အရ သိရသည်။

‌ေ-သဆုံးသူ ကလေးငယ်သုံးဦးမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆမ်မြို့နယ်၊ ဇယန်းကြီးကျေးရွာမှ အသက် (၉)နှစ်အရွယ် မိုင်းအစော၊ အသက်(၆) နှစ်အရွယ် အခြိူဝ်းနှင့် အသက် (၈) နှစ်အရွယ် မိုင်းလှမင်းအောင်တို့ဖြစ်ပြီး ဖေဖော်ဝါရီ (၂)ရက်၊ နံနက် (၉)နာရီဝန်းကျင်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၂၉) ရက်ညနေပိုင်းက သီပေါမြို့နယ် ၊ တုံစင့်ကျေးရွာနှင့် ကုံးစုံရွာကြား တောလမ်းအတွင်း အမျိုး သားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး မိုင်းနင်းမိရာမှ ကိုယ်လက်အင်္ဂါအချို့ ဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းလ ည်း သိရသည်။

အလားတူ ဇန်နဝါရီလ (၂၂) ရက် မွန်းလွဲပိုင်း အချိန်တွင်လ ည်း သီပေါမြို့နယ်၊ မိုးတေကျေးရွာ တံတားအနီး အမျိုးသားတစ်ဦး မိုင်းထိမှန်မှု ဖြစ်ပွားခဲ့သေးသည်။

မြန်မာနိုင်ငံတစ်ဝန်း စစ်လက်နက် ပစ္စည်း အကြွင်းအကျန်များမှတဆင့် ထိခိုက်သေဆုံးသူ မြင့်တက်လာနေ ကြောင်း မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသည့် လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine & Cluster Munition Monitor) ၏ အစီရင် ခံစာတစ်ခုအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here