ဆိုင်ကယ်ခိုးမှုများဖြင့်ဖမ်းဝရမ်းထုတ်ခံထားရသည့် မြန်မာနိုင်ငံသားတစ်ဦးအား ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

0
151

ဖူးခက်၊ဖေဖော်ဝါရီ ၅

ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်၊ည ၈ နာရီဝန်းကျင်ခန့်၌ ထိုင်းနိုင်ငံမှ ကာရွန်ရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသားတစ်ဦးအား ဖူးခက်မြို့၊ကာတာဟေးလ်အနီးတွင် ဖမ်းဆီးခဲ့ကြောင်းသိရပြီး ဖမ်းဆီးခံရသူသည် ပြီးခဲ့သည့်နှစ်ဩဂုတ်လကတည်းက ယင်းဒေသတွင်ဆက်တိုက်ဆိုသလိုဖြစ်နေသည့် မော်တော်ဆိုင်ကယ် ခိုးယူမှုများ၏ သံသယတရားခံအဖြစ် ဝရမ်းထုတ်ပြန်ထားခြင်းခံရသူတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။

ဖမ်းဆီးခံရသူသည် ညီညီထွေးအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ၎င်းသည် ဖူးခက်သို့ဘက်စ်ကားဖြင့်ရောက်လာချိန်၌ သော့တန်းလန်းဖြင့်ဆိုင်ကယ်များအား လှည့်ပတ်ရှာဖွေခိုးယူခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံဝန်ခံခဲ့သည်ဟုသိရသည်။

ယင်းနောက် ၎င်းသည် ဆိုင်ကယ်များအား ၎င်းကိုယ်ပိုင်ဆိုင်ကယ်များသဖွယ် မောင်းနှင်ထွက်ပြေးခိုးယူခဲ့ခြင်းဖြစ်ကြောင်းလည်းဆိုခဲ့သည်။ ၎င်းကျူးလွန်ခဲ့သည့်ခိုးမှုများအား CCTV မှတ်တမ်းတစ်ခုမှ ပြန်လည်တွေ့ရှိခဲ့ပြီး ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကာ အခင်းဖြစ်နေရာသို့ ညီညီထွေးပြန်လာသဖြင့် လက်ရဖမ်းဆီးနိုင်ခဲ့ခြင်းလည်းဖြစ်ကြောင်းရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

မှတ်တမ်းတွေ့ရှိရသည့် ခိုးယူမှုတစ်ခုတွင်သာမက ကျန်ဆိုင်ကယ်ပျောက်ဆုံးမှုများတွင်လည်း ၎င်းကျူးလွန်နိုင်ကြောင်းရဲတပ်ဖွဲ့များကသံသယရှိနေသည်ဟုလည်းဖော်ပြထားသည်။

Source : ဖူးခက်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here