စစ်ဘေးရှောင် ကျောင်းသား/သူများ တစ်နှစ်တာ ပညာရေးနှောင့်နှေးမှုမရှိစေရန် KJG ကိုယ်ပိုင်အထက်တန်းကျောင်း မှ အခမဲ့ပညာကြားပေးမည်

0
182

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နှင့် အနီးပတ်ဝန်းကျင်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် စစ်ရှောင်နေကြရသည့် ဒေသခံ ကျောင်းသား/ကျောင်းသူများအတွက် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ တစ်နှစ်တာပညာရေး နှောင့်နှေးမှုမရှိစေရန် KJG ကိုယ်ပိုင်အထက်တန်းကျောင်းက အခမဲ့ပညာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ရှောင်ကျောင်းသား‌/သူများအား ပညာသင်နှစ်တစ်နှစ်၏ လက်ကျန်စာသင်ကြားမှုများအတွက် အခမဲ့သင် ကြားပေးရာတွင် G- 6 မှ G 11 အထိ လက်ခံသွားမည်ဖြစ်ပြီး၊ စာမေး ပွဲပြီး ဆုံးသည်အထိ အဆောင်ခပေးစရာမလိုဘဲ ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

” ကလေးတွေက တစ်နှစ်လုံးလုံးလည်း ပညာသင်ထားပြီးပြီ။ စာမေးပွဲဖြေဖို့ကလည်း လပိုင်းပဲလိုတာ‌ဆိုတော့ သူတိုတွေရဲ့ စာသင်နှစ် မနစ်နာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ပေးတာပါ။ လက်ရှိ (၂၅)ဦးလောက် ရောက်လာပါပြီ။ စာ ရင်းအတိအကျ မသိရသေးဘူး။ ဒီနေ့ ကျွန်တော်တို့နောက် ဆုံးလက်ခံသွားမှာပါ”ဟု KJG ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ ဆရာခွန်ကြည်က ပြောသည်။

အဆိုပါ KJG ကိုယ်ပိုင်အထက်တန်း ကျောင်းမှာ တောင်ကြီးမြို့တွင် တည်ရှိပြီး၊ လက်ရှိတွင် ပအိုဝ်း၊ ကယန်း၊ ဗမာစသည့်  စစ်ရှောင်ကျောင်းသားများ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။

ဆီဆိုင်မြို့ တိုက်ပွဲကြောင့် ဒေသခံများအပါအဝင် ကယား ပြည်နယ်ဘက်မှ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူ များလည်း နီးစပ်ရာဒေသများသို့ စစ်ရှောင်နေ ကြရသည်။

ပြီးခဲ့သော ဇန်နဝါရီ တတိယပတ်က စတင်ကာ တပ်မတော်နှင့် PNLA လက်နက်ကိုင် အဖွဲ့တို့အကြား စစ်ရေးတင်းမာခဲ့ရာမှတဆင့် ယနေ့အချိန်အထိတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ-ဆရာ ခွန်ကြည်


LEAVE A REPLY

Please enter your comment!
Please enter your name here