လားရှိုး-ကွတ်ခိုင်သွား သိန္ဒီချောင်းကူး ယာယီတံတား ယနေ့ စတင်ဖြတ်သန်းခွင့်ပြု

0
255

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမှ ကွတ်ခိုင်သို့သွားသည့် သိန္ဒီချောင်းကူး ယာယီတံတားအား ယနေ့ ဖေဖော်ဝါရီ (၆) ရက် နံနက်ပိုင်းတွင် စတင်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။

ယခင် နိုင်ငံတော်က ဖောက်လုပ်ထားသော သိန္ဒီတံတားကြီးမှာ ရှမ်းမြောက်တိုက်ပွဲအတွင်း ပျက်စီးသွားသည့် အတွက် ဒေသတွင်းသွားလာမှု အဆင်ပြေစေရန် ယခုကဲ့သို့ ယာယီတံတားငယ် ဆောက်လုပ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

“သိန္ဒီတံတားကြီးကတော့ အခုထက်ထိ မပြင်ရသေးဘူး။ လောလောဆယ် ဒေသတွင်းသွားလာလို့ရအောင် တံတား ထိုးလိုက်တဲ့ သဘောပါ။ ချောင်းကျဉ်းပြီး ရေတိမ်တဲ့နေရာကနေ ဖြတ်ဆောက်လိုက်တာပါ။ ဒီနေ့ပဲ ယာဉ်ငယ်တွေသွားခွင့်ပြုလိုက်ပါပြီ။ အရင်သွားနေရတဲ့ လမ်းတွေထက် အချိန် ကုန်မြန်ဆန်သွားတာပေါ့။”ဟု ၎င်းက ရှင်းပြသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသတွင်း ဆက်သွယ်ထားသောတံတား (၅)စင်း ဖျက်ဆီးခံရသဖြင့် ဒေသခံများမှာ လမ်းပန်းဆက်သွယ်ရေး အခက် အခဲများဖြင့် ရင်ဆိုင်ခဲ့ကြရသည်။

အဆိုပါ ဖျက်ဆီးခံရသော တံတားများသည် မန္တလေး – မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ ကျောက်မဲ – သီပေါ ဆက်သွယ်ထားသော ကျင်သီတံတား၊ လားရှိုး – ကွတ်ခိုင် ဆက်သွယ်ထားသော သိန္ဒီတံတား၊ လားရှိုး – သီ ပေါ ဆက်သွယ်ထားသော စဉ့်အင်တံတား၊ လားရှိုး နမ္မတူ(နမ်ဆမ်)ဆက်သွယ်ထားသော အီနိုင်း တံတား၊ သီပေါ-နမ္မတူ ဆက်သွယ်ထားသော မိုးတေတံတားနှင့် ယခုလ ပထမအပတ်အတွင်း ထပ်မံဖျက်ဆီးခံရသော ကျောက်မဲ – မိုင်းငေါ့ ဆက်သွယ်ထားသော နန့်မန်းတံတားတို့ ဖြစ်သည်။

ဓာတ်ပုံ -CJ


LEAVE A REPLY

Please enter your comment!
Please enter your name here