လူမှု အကျိုးပြုထူးချွန်အမျိုးသမီးများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြန်မာသံရုံး၊ နယူးဒေလီမြို့၌ ကျင်းပ

0
307

အိန္ဒိယ – မြန်မာ ချစ်ကြည်ရေးအသင်း မိတ်ဆုံစားပွဲနှင့် လူ မှုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်သည့် အမျိုးသမီးများ၊ စွမ်းဆောင်ရည်ပြည့် အမျိုးသမီးများအား Women Prestige Awards 2024 ဆုများချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ (၄)ရက်၊ နံနက် (၁၁)နာရီမှ ညနေ (၄)နာရီအထိ နယူးဒေလီမြို့ရှိ  မြန်မာသံရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအသင်းကို မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ နားလည်ယုံကြည်မှု၊ ကူးလူးဆက်သွယ်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ မြန်မာသံရုံးမှ ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အိန္ဒိယ- မြန်မာ ချစ်ကြည်ရေးအသင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် ချစ်ကြည် ရေးအသင်းအဖွဲ့ဝင်များနှင့် မြန်မာသံရုံးမှ အနီးကပ် ပူးပေါ င်း ဆောင်ရွက်လျက်ရှိပြီး မြန်မာသံရုံးမှ စီစဉ်သည့် လူမှု ရေးပွဲများတွင် ဧည့်သည်တော်များအနေဖြင့် ယခုကဲ့သို့ စ ည်းစည်းလုံးလုံးဖြင့် စုရုံးရောက်ရှိလာသည့်အတွက် များစွာကျေနပ်အားရမိပြီး နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုအား ဖော်ကျူးပြသနေကြောင်း မြန်မာသံအမတ်ကြီးက အခမ်းအနားတွင် ပြောကြားခဲ့သည်။

အခမ်းအနား ဒုတိယပိုင်း အစီအစဉ်အနေဖြင့် လူမှုအကျိုး ပြုလုပ်ငန်းများတွင် ပါဝင်သည့် အမျိုးသမီးများ၊ စွမ်းဆောင်ရည်ပြည့် အမျိုးသမီးများအား Women Prestige Awards 2024 ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် ဧည့်သည်တော်များကို အိန္ဒိယ အကအလှများ၊ တေးသံသာများ၊ အိန္ဒိယတူရိယာများဖြင့် တီးမှုတ်ဖျော်ဖြေကြခဲ့ကာ နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားသို့ မိတ်ဖက်နိုင်ငံများမှ သံတမန်များ၊ အိန္ဒိယ-မြန်မာချစ်ကြည်ရေး အသင်းအဖွဲ့ဝင်များ၊ အိန္ဒိယစီးပွားရေး အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ မိတ် ဆွေများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here