စစ်ကိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆော င်ရည်မြှင့်တင်ခြင်းသင်ကြား

0
135

စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင် ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းသင်တန်းအမှတ်စဉ် (၁/ ၂၀၂၄)ကို တိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနရုံးရှိ သင်တန်းခန်းမတွင် ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက်ပိုင်းကကျင်းပရာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“လူသားတွေ လိုအပ်ချက်အမျိုးမျိုးအတွက် သဘာဝသယံဇာတတွေကို မဆင်မခြင်ထုတ်ယူ သုံးစွဲလာခဲ့တဲ့အတွက် သဘာဝသယံဇာတ ပစ္စည်းတွေ တဖြည်းဖြည်းလျော့ပါးလာခဲ့ပါတယ်။ ပတ်ဝန်းကျင်ယိုယွင်းဆုတ်ယုတ်လာမှုဟာ လူသားတွေ အတွက်သာမက နောင်အနာဂတ် မျိုးဆက်သစ်တွေအတွက် များစွာထိခိုက်စေပါတယ်။ လူသားအားလုံးအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းကို အထူးဂရုပြု ဆောင်ရွက်ကြဖို့လိုအပ်ပါတယ် ” ဟု တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်က သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပတ်ဝန်းကျင်ထိန်းသိမ်းရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြေ၊ ရေ၊ လေ ညစ်ညမ်းမှု များအားစစ်ဆေးသည့် စက်ကိရိယာများ ခင်းကျင်းပြသထားရှိမှုများအား တာဝန်ရှိသူများလိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင် ရွ က်ပေးခဲ့ကြောင်း သိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းကိုရက် သတ္တပတ် (၄) ပတ်ကြာ စာတွေ့၊လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင် တန်းသူ (၂၀)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here